Pages

Tuesday, February 20, 2018

မြိတ်ကျွန်းစုတွင် ခရီးသွား လုပ်ငန်းဖွံ့ ဖြိုးတိုးတက် လာခြင်းနှင့်အတူ သန္တာကျောက်တန်း ပျက်စီးခြင်းများ ဖြစ်ပေါ်လာ



မြိတ် ၂ဝ-၂-၂ဝ၁၈

တနင်္သာရီတိုင်း ဒေသကြီး မြိတ်ကျွန်းစု၌ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက် လာခြင်းနှင့်အတူ သန္တာကျောက်တန်း ပျက်စီးခြင်းများ အများဆုံး ဖြစ်ပေါ်နေကြောင်း သန္တာကျောက်တန်း သုတေသန ပြုလုပ်သူများထံမှ သိရသည်။

သန္တာကျောက်တန်း ပျက်စီးရမှုများတွင် ယခင်က ဗုံးခွဲ၍ ငါးဖမ်းခြင်းများ ကြောင့်ဖြစ်ပြီးနောက်ပိုင်း တရွတ်ဆွဲ ငါးဖမ်းပိုက်များကြောင့် သန္တာကျောက်တန်းများ ပျက်စီးလာရခြင်း ဖြစ်သည်။ နောက်ပိုင်းတွင် ခရီးသွားဧည့်သည်ဝင်ရောက်မှုများ ပြားလာပြီး လှေများနှင့် အပျော်စီးသင်္ဘောများ ကျောက်ချခြင်းတို့ကြောင့် သန္တာကျောက်တန်းများ ပျက်စီးလာရခြင်း ဖြစ်ကြောင်း Fauna & Flora International-Myanmar Programme မှ ပင်လယ်ရေချိုနှင့် ရေငန်ထိန်းသိမ်းရေး အစီအစဉ် မန်နေဂျာ ဦးဇော်လွန်းက ပြောသည်။

''တချို့နေရာတွေမှာဆို ထိုင်းနိုင်ငံထက် ပိုကောင်းတဲ့ သန္တာကျောက်တန်း တွေရှိတယ်။ ကျွန်တော်တို့ စိုးရိမ်တာက ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးလာတဲ့အခါ ခရီးသွားတွေရဲ့ မဆင်ခြင်မှု တွေကြောင့် ဒါတွေပါ ပျက်စီးကုန်မှာစိုးရိမ်မိပါတယ်'' ဟု ဦးဇော်လွန်းက ပြောသည်။

မြိတ်ကျွန်းစု၌ ကောင်းမွန်သော သန္တာကျောက်တန်း ၃ဝ ရာခိုင်နှုန်းရှိသောကြောင့် မပျက်စီးစေရန် ဒေသခံများနှင့် ပူးပေါင်း၍ အဏ္ဏဝါ ရေပြင်သုံးနေရာ၌ စီမံခန့်ခွဲကာ ထိန်းသိမ်းနေကြောင်း၊ အဆိုပါ ထိန်းသိမ်းမှုကို ၂ဝ၁၇ ခုနှစ် မတ် ၃၁ ရက်မှစ၍ ငါးလုပ်ငန်းဦးစီးဌာနမှ တရားဝင် အမိန့်ထုတ်ပြန်ပြီး မြိတ်မြို့နယ်အတွင်းရှိ လင်းလွန်း၊လငမ်း၊ ဒုံပုလဲအော်ကျေးရွာတို့၌ ဒေသခံများနှင့် ပူးပေါင်းစီမံခန့်ခွဲသော အဏ္ဏဝါရေပြင် ပြုလုပ်ထိန်းသိမ်းရေး ဆောင်ရွက်နေကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment