Pages

Tuesday, January 9, 2018

ဇန်နဝါရီ ၉ ရက်မှ စ၍ YBS ၁၂ ယာဉ်လိုင်းတွင် မော်တော်ယာဉ်သစ်များဖြင့် အစားထိုးပြေးဆွဲမည်



ရန်ကုန် ၉-၁-၂ဝ၁၈

ဗန္ဓုလသယ်ယူ ပို့ဆောင်ရေးကုမ္ပဏီ လီမိတက်သည် ရန်ကုန်မြို့တွင်း ပြေးဆွဲလျက်ရှိသော YBS ၁၂ ယာဉ်လိုင်းတွင် ၂ဝ၁၇ မော်ဒယ် Yutong ယာဉ်သစ်အစီး ၄ဝ ဖြင့် ဇန် နဝါရီ ၉ ရက် မှစ၍ အစားထိုးပြေးဆွဲမည် ဖြစ် ကြောင်း ဗန္ဓုလသယ်ယူ ပို့ဆောင်ရေးကုမ္ပဏီ လီမိတက် (ပါရမီ) ဒါရိုက်တာ ဦးမင်းနိုင်ထံမှ သိရသည်။

အဆိုပါယာဉ်လိုင်းတွင် လက်ရှိပြေးဆွဲနေသော ယာဉ်များသည် ၂ဝ၁၃ ခုနှစ်ကတည်းက ပြေးဆွဲလျက်ရှိသော ယာဉ်ဟောင်းများ ဖြစ်ပြီး အဲကွန်းမပါရှိသဖြင့် ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့၏ လမ်းညွှန်မှုနှင့်အညီ Yutong ယာဉ်သစ်များဖြင့် အစားထိုးပြေးဆွဲခြင်း ဖြစ်သည်။

"YBS ယာဉ်လိုင်းကို ယာဉ်သစ်တွေနဲ့ အစားထိုးပြီး စတင်ပြေးဆွဲပါမယ်။ဒဂုံ (မြောက်ပိုင်း) မြို့နယ် ၅ဝ ကွေ့က နေဆူး လေအထိ ပြေးဆွဲမှာပါ။ လက်ရှိမှာယာဉ် သစ် အစီး ရေ ၄ဝအတွက် ယာဉ်မှူး ၄ဝ နဲ့ အရန်ယာဉ်မှူး ၂ဝ ထားရှိပါတယ်။ ခရီးသည်တွေရဲ့ တောင်းဆိုမှု အပေါ်မူတည်ပြီး ထပ်တိုးသင့်တာ တိုးသွားပါမယ်''ဟု YBS ၁၂ ယာဉ်လိုင်းတာဝန်ခံ တစ်ဦးက ပြောသည်။

ဗန္ဓုလသယ်ယူ ပို့ဆောင်ရေး ကုမ္ပဏီလီမိတက် မှ ရန်ကုန်မြို့တွင်းသို့ YBS ယာဉ်လိုင်းငါးလိုင်း ယာဉ်အစီးရေ ၂၆၂ စီးဖြင့် ပြေးဆွဲလျက်ရှိရာ လက်ရှိတွင် ယာဉ်လိုင်းလေးလိုင်းကို Yutong ယာဉ်သစ်များဖြင့် ပြေးဆွဲလျက်ရှိပြီး YBS ၁၂ ယာဉ်လိုင်းတစ်လိုင်းသာ အစားထိုးပြေးဆွဲရန် ကျန်ရှိကြောင်း သိရသည်။

ထို့ပြင် ယခင်ပြေးဆွဲနေသည့် ယာဉ်ဟောင်းများဖြင့် ယာဉ်လိုင်းသစ်နှစ်လိုင်းကို ထပ်တိုးပြေးဆွဲရန် ဗန္ဓုလသယ်ယူ ပို့ဆောင်ရေးကုမ္ပဏီ လီမိတက်အနေဖြင့် ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ထံ တင်ပြထားရာ ပြေးဆွဲခွင့်ရရှိပါက YBS ယာဉ်လိုင်းခုနစ်လိုင်းတွင် ယာဉ်အစီးရေ ၃၆၂ စီးဖြင့် ပြေးဆွဲမည်ဖြစ်ကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment