Pages

Tuesday, January 9, 2018

ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီးတင်အောင်စန်း ထိုင်းဘုရင့်တပ်မတော် ရေတပ်ဦးစီးချုပ်အား ဂုဏ်ပြုကြိုဆို၊ လက်ခံတွေ့ဆုံ၊ ဂုဏ်ပြုညစာဖြင့် တည်ခင်းဧည့်ခံ


ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီးတင်အောင်စန်းနှင့် ထိုင်းဘုရင့်တပ်မတော်ရေတပ်ဦးစီးချုပ် Admiral Naris Phatoomsuwan တို့ ဂုဏ်ပြုတပ်ဖွဲ့အား စစ်ဆေးစဉ်။

ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီးတင်အောင်စန်း ထိုင်းဘုရင့်တပ်မတော် ရေတပ်ဦးစီးချုပ် Admiral Naris Phatoomsuwan ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံစဉ်။

ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီးတင်အောင်စန်း ထိုင်းဘုရင့်တပ်မတော်ရေတပ်ဦးစီးချုပ် Admiral Naris Phatoomsuwan အား ဂုဏ်ပြုညစာဖြင့် တည်ခင်းဧည့်ခံစဉ်။

နေပြည်တော် ၉-၁-၂ဝ၁၈

ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်းသည် ထိုင်းဘရုင့်တပ်မတော် ရေတပ်ဦးစီးချုပ် Admiral Naris Phatoomsuwan ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာရှေ့၌ ဂုဏ်ပြုတပ်ဖွဲ့ဖြင့်ဂုဏ်ပြု ကြိုဆိုသည်။

ဦးစွာ ထိုင်းဘုရင့် တပ်မတော် ရေတပ်ဦးစီးချုပ် Admiral Naris Phatoomsuwan သည် ဂုဏ်ပြုကြိုဆိုပွဲ ပြုလုပ်မည့်နေရာသို့ မော်တော်ယာဉ်ဖြင့် ရောက်ရှိလာရာ ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်းက ကြိုဆို နှုတ်ဆက်သည်။

ထို့နောက် ကာကွယ်ရေးဦးစီးချုပ် (ရေ) နှင့် ထိုင်းဘုရင့်တပ်မတော် ရေတပ်ဦးစီးချုပ်တို့သည် အလေးပြုခံ စင်မြင့်သို့သွားရောက်၍ ဂုဏ်ပြုတပ်ဖွဲ့၏ အလေးပြုခြင်းကို ခံယူပြီး ဂုဏ်ပြုတပ်ဖွဲ့အား စစ်ဆေးသည်။

ထို့နောက် ဂုဏ်ပြုကြိုဆိုပွဲသို့ တက်ရောက် လာကြသည့် နှစ်နိုင်ငံ ရေတပ်အရာရှိကြီးများနှင့် အပြန်အလှန် မိတ်ဆက် ပေးကြသည်။

ဂုဏ်ပြုကြိုဆိုပွဲသို့ ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်းနှင့်အတူ စစ်ဦးစီးအရာရှိချုပ် (ရေ) ဗိုလ်ချုပ်မိုးအောင်နှင့် ကာကွယ်ရေးဦးစီးချုပ်ရုံး (ရေ)မှ တပ်မတော်အရာရှိကြီးများ တက်ရောက်ကြပြီး ထိုင်းဘုရင့် တပ်မတော်ရေတပ်ဦးစီးချုပ် Admiral Naris Phatoomsuwan နှင့်အတူ အမှတ် (၃) ရေတပ်စခန်းဌာနချုပ်၊ ဌာနချုပ်မှူး Vice Admiral Surapho၊ Kuptapan၊ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းဘုရင့် တပ်မတော်ရေတပ် စစ်သံမှူး Captain Puchong Praditteera နှင့် ထိုင်းဘုရင့်တပ်မတော်ရေမှ အရာရှိကြီးများ တက်ရောက်ကြသည်။

၎င်းနောက် ထိုင်းဘုရင့်တပ်မတော် ရေတပ်ဦးစီးချုပ်က ဘုရင့်နောင်ရိပ်သာ ဧည့်သည်တော်မှတ်တမ်း စာအုပ်တွင် မှတ်တမ်းတင်လက်မှတ် ရေးထိုးသည်။ ထို့နောက် ကာကွယ်ရေးဦးစီးချုပ် (ရေ)ဗိုလ်ချုပ်ကြီးတင်အောင်စန်းသည် ထိုင်းဘုရင့်တပ်မတော် ရေတပ်ဦးစီးချုပ် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။

ထိုသို့တွေ့ဆုံရာတွင် မြန်မာ-ထိုင်း နှစ်နိုင်ငံ ရေတပ်နှစ်ရပ်အကြား ဆက်ဆံရေး တိုးတက်ကောင်းမွန်ရေး ဆိုင်ရာကိစ္စရပ်များ၊ ချစ်ကြည်ရေးခရီးစဉ်များ အပြန်အလှန် လည်ပတ်ရေးဆိုင်ရာ ကိစ္စရပ်များ၊ Navy to Navy Staff Talks အစည်းအဝေးများ ကျင်းပရေးဆိုင်ရာ ကိစ္စရပ်များနှင့် သင်တန်းသားများ အပြန်အလှန်စေလွှတ် ရေးဆိုင်ရာ ကိစ္စရပ်များအား အပြန်အလှန်ဆွေးနွေးကြပြီး ကာကွယ်ရေးဦးစီးချုပ် (ရေ)နှင့် ထိုင်းဘုရင့်တပ်မတော် ရေတပ်ဦးစီးချုပ်တို့သည် အမှတ်တရလက်ဆောင်များ အပြန်အလှန်ပေးအပ်၍ အဖွဲ့ဝင်များနှင့်အတူ စုပေါင်းဓာတ်ပုံ ရိုက်ကြသည်။

ထို့နောက် ညပိုင်းတွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်းသည် ထိုင်းဘုရင့်တပ်မတော် ရေတပ်ဦးစီးချုပ် Admiral Naris Phatoomsuwan ဦးဆောင်သော ချစ်ကြည်ရေးကိုယ်စားလှယ် အဖွဲ့အား နေပြည်တော်ရှိ Grand Amara Hotel ၌ ဂုဏ်ပြုညစာဖြင့် တည်ခင်းဧည့်ခံသည်။

ထို့နောက် ကာကွယ်ရေးဦးစီးချုပ် (ရေ) နှင့် ထိုင်းဘုရင့်တပ်မတော် ရေတပ်ဦးစီးချုပ်တို့သည် နှုတ်ခွန်းဆက်စကားများ အသီးသီးပြောကြားကြပြီး တက်ရောက်လာကြသူများ နှင့်အတူ ဂုဏ်ပြုညစာကို အတူတကွ သုံးဆောင် ကြသည်။

ညစာသုံးဆောင် နေစဉ်အတွင်း ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံး ကွပ်ကဲမှုအောက် မြဝတီတေးဂီတအဖွဲ့က တေးသီချင်းများ၊ အကပဒေသာများဖြင့် သီဆိုဖျော်ဖြေခဲ့ကြကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment