Pages

Monday, January 29, 2018

စစ်ကိုင်းတိုင်းဒေသကြီး အတွင်းဖမ်းဆီးရမိသည့် မွန်ဂိုလီးယားနိုင်ငံမှ Solar ပြားအဖြူရောင် စက်တပ်ဆင်ထားသည့် လင်းယုန်ငှက်ကို ရက်ကန်းစင်တောင်မှ တစ်ဆင့် ပြန်လည်လွှတ်ပေးခဲ့



မန္တလေး ၂၉-၁-၂ဝ၁၈

စစ်ကိုင်းတိုင်းဒေသကြီး အတွင်းဖမ်းဆီးရမိသည့် မွန်ဂိုလီးယားနိုင်ငံမှ Solar ပြားအဖြူရောင်ပါ စက်တပ်ဆင်ထားသည့် လင်းယုန်ငှက်ကို ယနေ့ နံနက် ၁ဝ နာရီခန့်က ရတနာပုံတိရစ္ဆာန် ဥယျာဉ်အုပ်ချုပ် ရေးမှူးဦးဆောင်၍ တိရစ္ဆာန်ဆေးကုဆရာဝန်နှင့် တိရစ္ဆာန်ထိန်းသိမ်း ကြီးကြပ်ရေးအဖွဲ့က မတ္တရာမြို့အလွန် ရက်ကန်းစင်တောင်မှ တစ်ဆင့် ပြန်လည်လွှတ်ပေးခဲ့ကြောင်း အဆိုပါတိရစ္ဆာန်ဥယျာဉ် အုပ်ချုပ်ရေးမှူး ဦးသိန်းမင်းအောင်က ပြောပြသည်။

မွန်ဂိုလီးယားနိုင်ငံမှ စက်တပ်ဆင်ထားသည့် ဆောင်းခိုငှက် အမျိုးအစားဖြစ်သည့် လင်းယုန်ငှက်ကို ၂ဝ၁၇ခုနှစ် ဒီဇင်ဘာ ၆ရက်က မင်းကင်းမြို့နယ် သာစည်ရွာ၏ ကောက်ရိုးပုံပေါ်တွင် နားနေသည့် အဆိုပါ လင်းယုန်ငှက်ကို ရွာသားတစ်ဦးက အရှင်ဖမ်းဆီးရမိခဲ့ပြီး ထူးခြားချက်အနေဖြင့် ၎င်းငှက်တွင် Solar system (နေရောင်ခြည်စွမ်းအင်သုံး) Wildlife Tracking Device (Radio Transmitter) တောရိုင်းတိရစ္ဆာန် လေ့လာစောင့်ကြည့်ရေး ကိရိယာ တစ်မျိုးတပ်ဆင်၍ သိပ္ပံနည်းကျ စမ်းသပ်လေ့လာမှုများ ပြုလုပ်ရန် အထူးဆောင်ရွက်ထားသော ကိရိယာ တစ်မျိုးတပ်ဆင်ထားကြောင်း သိရသည်။

၎င်းကိရိယာသည် ယခုလက်ရှိ အချိန်ထိ အသက်ဝင်နေဆဲဖြစ်၍ Serial Noများ၊ Bar Code များ၊ ခြေထောက်တွင် တပ်ဆင်ထားသော ID Ring များပါရှိကြောင်း၊ အဆိုပါလင်းယုန်ငှက်ကို ဖမ်းဆီးရမိခဲ့စဉ်က ဒဏ်ရာရရှိခဲ့သည့် အတွက် ၂ဝ၁၇ခုနှစ်၊ ဒီဇင်ဘာ ၉ရက်က မင်းကင်းသစ်တောဦးစီးဌာနမှ ရတနာပုံ တိရစ္ဆာန်ဥယျာဉ်သို့ လွှဲပြောင်းပေးခဲ့ပြီး ဒဏ်ရာများကို တိရစ္ဆာန်ဆေး ကုဆရာဝန်များက ဆေးဝါးကုသမှုများ လုပ်ဆောင်ပေးခဲ့ ကြောင်းသိရ သည်။

လင်းယုန်ငှက်သည် အလေးချိန် တစ်ပိဿာ ၅ဝ ကျပ်သားခန့်၊ အမြင့်တစ်ပေ ခြောက်လက်မ၊ ဝဲဘက်ခြေထောက် ခြေကျင်းဝတ်၌ ORNITH.LAB / BIOL/MONGOLIA 272 ပါရှိသည့် အမျိုးအမည်မသိ သတ္တုခြေကွင်း တပ်ဆင်ထားပြီး ခန္ဓာကိုယ်ကို ခရမ်းရောင်ဖဲကြိုးဖြင့် စည်းနှောင်ထားကြောင်း၊ မျက်နှာပြင်၌လည်း mwb 1605 ၊နောက်ကျော၌ WT200/Dimension 45×81822/Weight Approx. 72Case Material စသည့်စာတန်း
များပါရှိသည့် အလျား သုံးပေ၊အနံ ၁ ဒသမ ၅ ပေ၊ အထူ သုညဒသမ ၅ ပေအရွယ်ရှိ ဆိုလာပြားအဖြူရောင် အမျိုးအမည်မသိ ကိရိယာတစ်ခုကို တပ်ဆင်ထားကြောင်း သိရသည်။

#Yadanarpondaily

No comments:

Post a Comment