Pages

Wednesday, January 10, 2018

ပြည်တွင်းကုန်စည် ပို့ဆောင်ရေးအတွက် အဓိက ပံ့ပိုးပေးနိုင်မည့် တံတားလေးစင်း တည်ဆောက်ရန်စီစဉ်



ရန်ကုန် ၁ဝ-၁-၂ဝ၁၈

ပြည်တွင်း ကုန်စည်ပို့ဆောင်ရေး အတွက်အဓိက ပံ့ပိုးပေးနိုင်မည့် တံတားလေးစင်းကို ၂ဝ၁၈-၂ဝ၁၉ ဘဏ္ဍာနှစ်အတွင်း အပြီးတည်ဆောက်ရန် စီစဉ်လျက်ရှိကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနမှ သိရသည်။

အဆိုပါတံတားများမှာ ဖျာပုံ-ဘိုကလေး-အမာကားလမ်းပေါ်ရှိ သကံတံတား၊ စက်ဆန်းတံတား၊ မော်လမြိုင်ကျွန်း-ဝါးခယ်မမြောင်းမြ ကားလမ်းပေါ်ရှိ စော်ကဲတံတားနှင့် ကျွန်းပြာသာဒ်တံတား တို့ဖြစ်သည်။

ယင်းတံတားလေးစင်း၏ အရှည်သည်ပေ ၂၄ဝဝဝဝ ကျော်၊ တံတားတစ်စင်းစီ၏ အကျယ်သည် ယာဉ်သွားလမ်း ၂၄ ပေ၊ ဘေးနှစ်ဖက်လူသွားလမ်း ၃ ပေ ၃ လက်မ၊ ရေပြင်ကင်းလွတ် အထက်အမြင့်ပေ ၄ဝနှင့် ရေပြင်ဘေး နှစ်ဖက်ကင်းလွတ် အကျယ်ပေ ၂ဝဝ ကျော်ရှိမည် ဖြစ်သည်။

စော်ကဲတံတားနှင့် ကျွန်းပြာသာဒ်တံတား နှစ်စင်းပြီးစီးပါက လပွတ္တာခရိုင် မော်လမြိုင်ကျွန်း၊ ဖျာပုံခရိုင် ဘိုကလေးမြို့နယ်တို့နှင့် ပင်လယ်ကမ်းစပ် ဒေသများဖြစ်သော စက်ဆန်း၊ အမာ၊ ဧရာဝတီ စသည့်ဒေသများမှ ပုသိမ်မြို့သို့ သွားလာရေး လွယ်ကူလျင်မြန် လာစေမည်ဖြစ်သည်။ ပြီးခဲ့သည့် ၂ဝ၁၇ ခုနှစ်တွင်လည်း မော်လမြိုင်ကျွန်း-ဘိုကလေးမြို့ ခရီးစဉ်တွင် ကျွဲခြံအထိ ယာယီတံတား တည်ဆောက်ပေးထားခြင်းကြောင့် မအူပင်မြို့လမ်းကြောင်း အတိုင်း ရန်ကုန်မြို့သို့ အချိန်တိုအတွင်း သွားလာနိုင်မည် ဖြစ်သည်။

ယင်းတံတားများ ပြီးစီးပါက ဧရာဝတီတိုင်းဒေသကြီး မြစ်ဝကျွန်းပေါ်ဒေသရှိ မြို့နယ်ပေါင်း ၂၆ မြို့နယ်သို့ ကားလမ်းခရီးဖြင့် သွားလာနိုင်မည်ဖြစ်ပြီး ကုန်စည်ဖြန့်ဖြူးရာတွင် အဓိကကျသော ရန်ကုန်တိုင်းဒေသကြီးနှင့်ချိတ်ဆက်ဆောင်ရွက်မှု လျင်မြန်လာစေမည် ဖြစ်ကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment