Pages

Tuesday, January 23, 2018

ပုဂံရှေးဟောင်း ယဉ်ကျေးမှု နယ်မြေ၌ ရှုခင်းများကြည့်ရှု နိုင်ရန် ကုန်းမြေအတုသုံးခု တည်ဆောက်ပြီးစီး



ညောင်ဦး ၂၃-၁-၂ဝ၁၈

ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေ၌ စေတီပုထိုးများပေါ်သို့ ဘုရားဖူးခရီးသွားများ တက်ရောက်ခွင့် ပိတ်ပင်ထားပြီးနောက် ပုဂံရှုခင်းများကို ကြည့်ရှုနိုင်ရန် ကုန်းမြေအတုများ တည်ဆောက်လျက်ရှိရာ လက်ရှိတွင် ကုန်းမြေအတုသုံးခု တည်ဆောက်ပြီးစီး ပြီဖြစ်ကြောင်း အမျိုးသားပြတိုက်နှင့် ရှေးဟောင်း သုတေသနဦးစီးဌာန (ပုဂံဌာနခွဲ) ညွှန်ကြားရေးမှူး ဦးအောင်ကျော်ကျော်ထံမှ သိရသည်။

ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေမှ စေတီပုထိုးများသည် နှစ်ပေါင်းများစွာ ကြာမြင့်ပြီဖြစ်၍ စေတီပုထိုးများ၏ ခိုင်ခံ့မှုနှင့် ဝန်အားခံနိုင်မှု လျော့နည်းလာသဖြင့် တက်ရောက်သူများ အန္တရာယ်ရှိနိုင် သောကြောင့် တက်ရောက်ခွင့် ကိုပိတ်ပင်ထားကာ ကုန်းမြေအတုများပေါ်မှ တက်ရောက်ကြည့်ရှုရန် စီစဉ်ထားခြင်းဖြစ်သည်။

''ကုန်းမြေအတု တည်ဆောက်တာ သုံးခုပြီးပြီ။ ထပ်ဆောက်ဖို့ ရှိ၊ မရှိ၊ နောက်ပြီး စေတီပုထိုးတွေပေါ် ပြန်တက်ခွင့်ပြု၊ မပြုကအစည်းအဝေး တွေပြန်လုပ်ပြီး ဆွေးနွေးရဦးမှာပါ''ဟု ဦးအောင်ကျော်ကျော်က ပြောသည်။

ပုဂံရှေးဟောင်းယဉ်ကျေးမှု နယ်မြေရှိစေတီပုထိုး များပေါ်သို့ တက်ရောက်ခွင့်ကို တားမြစ်ထားသော်လည်း လာရောက်လည်ပတ်သူတချို့ တက်ရောက်ကြသည့် အတွက်၂ဝ၁၆ ခုနှစ်အတွင်း ဘုရားပေါ်မှပြုတ်ကျ၍ ဒဏ်ရာရရှိသူ လေးဦးရှိကာ ၂ဝ၁၇ ခုနှစ်အတွင်း နိုင်ငံခြားခရီးသွား ဧည့်သည်တစ်ဦး ပြုတ်ကျသေဆုံးခဲ့ကြောင်း သိရသည်။

ပုဂံရှေးဟောင်းယဉ်ကျေးမှု နယ်မြေသည် မြန်မာနိုင်ငံ၏ အထင်ကရ နေရာများထဲမှ အထင်ရှားဆုံး ရှေးဟောင်းဒေသ တစ်ခုဖြစ်သည့်အပြင် နိုင်ငံတကာမှ ခရီးသွားဧည့်သည်များ စိတ်ဝင်တစား လာရောက် လည်ပတ်မှု အများဆုံးနေရာလည်း ဖြစ်သည်။

တချို့သော ဘုရားဖူးများမှာ ဘုရားများပေါ်၌ အရက်၊ ဘီယာသောက်စားခြင်း၊ စေတီပုထိုးများ၏ အမြင့်ဆုံးနေရာများအထိ မလုံမခြုံ အဝတ်အစားများဖြင့် တက်ရောက်ခြင်းများကြောင့် တက်ရောက်ခွင့် ပိတ်ပင်ရခြင်းဖြစ်ကြောင်း သိရသည်။ 

#Themyawadydaily

No comments:

Post a Comment