ရုရှားဖက်ဒရေးရှင်းနိုင်ငံကာကွယ်ရေးဝန်ကြီး Army General Sergey K.SHOIGU အား ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်၌ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ်သက်ပုံနှင့် တာဝန်ရှိသူများက ပို့ဆောင်နှုတ်ဆက်စဉ်။
နေပြည်တော် ၂၃-၁-၂ဝ၁၈
တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ဖိတ်ကြားချက်အရ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတွင် ချစ်ကြည်ရေးခရီး ရောက်ရှိနေသော ရုရှားဖက်ဒရေးရှင်းနိုင်ငံ ကာကွယ်ရေးဝန်ကြီး
Army General Sergey K.SHOIGU ဦးဆောင်သော ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့သည် ယနေ့ နေ့လယ်ပိုင်းတွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ ရုရှားဖက်ဒရေးရှင်း နိုင်ငံသို့ ပြန်လည်ထွက်ခွာသည်။
အဆိုပါ ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့အား ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်သက်ပုံနှင့် တပ်မတော် အရာရှိကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံ သံအမတ်ကြီး H.E.Dr. Nikolay A.Listopadov၊စစ်သံမှူးနှင့် တာဝန်ရှိသူများက လေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ခဲ့ကြကြောင်း သတင်းရရှိသည်။
#Themyawadydaily

No comments:
Post a Comment