Pages

Friday, January 26, 2018

ယခုနှစ်အတွင်း သီလဝါဆိပ်ကမ်းရှိ ဆိပ်ခံတံတားနှစ်စင်းနှင့် ကုန်သေတ္တာတင် တံတားလေးစင်း အသုံးပြုနိုင်မည်



ရန်ကုန် ၂၆-၁-၂ဝ၁၈

သီလဝါ ဆိပ်ကမ်းအတွင်း ပင်လယ်ရေကြောင်း ကုန်သွယ်မှုတွင် ကျယ်စေရန် တည်ဆောက်လျက်ရှိသော ဆိပ်ခံတံတားနှစ်စင်း အပါအဝင် ကုန်သေတ္တာတင် တံတားလေးစင်းကို ယခုနှစ်အတွင်း အသုံးပြုနိုင်မည်ဖြစ်ကြောင်း မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ သိရသည်။

အဆိုပါစီမံကိန်းများကို ဂျပန်နိုင်ငံ၏ ချေးငွေဖြင့် ဆောင်ရွက်နေခြင်းဖြစ်ပြီး သီလဝါအထူးစီးပွားရေး ဇုန်နှင့်ချိတ်ဆက်၍ ကုန်သွယ်မှုများ ပြုလုပ်နိုင်မည် ဖြစ်သည်။

သီလဝါကမ်းနားအနီးရှိ မြေကွက်အမှတ် (၂ဝ၊ ၂၁) ၌ Wilmar Myanmar Port Terminal တည်ဆောက်နေပြီး ယခုနှစ် နှစ်ဆန်းပိုင်းအတွင်း ကုန်သေတ္တာနှင့် အထွေထွေကုန်ပစ္စည်းတင် ဆိပ်ကမ်းသစ်တစ်ခု ထွက်ပေါ်လာမည်ဖြစ်သည်။ အလားတူ မြန်မာ့ဆိပ်ကမ်း အာဏာပိုင်မှ မြေကွက်အမှတ် (၂၅၊ ၂၆) ၌ ကုန်သေတ္တာတင် ဆိပ်ကမ်းတစ်ခု တည်ဆောက်နေပြီး ယခုနှစ် ဒီဇင်ဘာလတွင် စတင်အသုံးပြု နိုင်မည်ဖြစ်သည်။

မြန်မာ့ဆိပ်ကမ်း အာဏာပိုင်အနေဖြင့် သီလဝါအထူးစီးပွားရေး ဇုန်အနီး ဆိပ်ကမ်း၌ အကျယ်အားဖြင့် မီတာ ၂ဝဝ၊ အရှည်မီတာ ၇၅ဝ ရှိသော တံတားများကို ၃၇ ဒသမ ၇ ဧကရှိ မြေပြင်ပေါ်၌ ဆိပ်ကမ်း ၃၇ ခု ဖော်ဆောင် လျက်ရှိကြောင်း သိရသည်။

လက်ရှိတွင် ရန်ကုန်ဆိပ်ကမ်း ဧရိယာနှင့် သီလဝါဆိပ်ကမ်းရှိ အထွေထွေ ကုန်ပစ္စည်းနှင့် ကုန်သေတ္တာကိုင်တွယ် နိုင်သည့် ဘက်စုံသုံးတံတား Wilmar Myanmar Port Terminal များသည် သီလဝါဆိပ်ခံတံတား၊ ဗိုလ်အောင် ကျော်တံတား၊ မြန်မာ့စက်မှု ဆိပ်ကမ်း၊ ဆူးလေဆိပ်ကမ်းတံတား၊ HPT တံတားနှင့် အေးရှားဝေါလ် တံတားတို့ဖြစ်ကြောင်း သိရသည်။

ရန်ကုန်မြို့ရှိ ဆိပ်ခံတံတားများသည် ဘက်စုံသုံးတံတားများ ဖြစ်သော်လည်း ကုန်ပစ္စည်းတစ်မျိုး တည်းကိုသာ သီးသန့်ကိုင်တွယ်သည့် တံတားများထက် တံတားတစ်စင်း ချင်းအလိုက် ကုန်ပစ္စည်းကိုင်တွယ်မှု ပိုမိုများပြားကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment