Pages

Friday, January 26, 2018

အစားအသောက် ဆေးဝါးနှင့် အလှကုန်များ တရားမဝင်ရောင်းချမှုကို ပိုမိုကြပ်မတ် ဆောင်ရွက်မည်



ရန်ကုန် ၂၆-၁-၂ဝ၁၈

ယခုနှစ်အတွင်း အစားအသောက်၊ ဆေးဝါးနှင့် အလှကုန်များ ဘေးအန္တရာယ် ကင်းရှင်းရေးအတွက် မူဝါဒနှင့် လုပ်ငန်းစီမံချက် များရေးဆွဲပြီး တရားမဝင် ရောင်းချမှုများကို တရားစွဲဆိုကာ ပိုမိုကြပ်မတ် ဆောင်ရွက်မည် ဖြစ်ကြောင်း မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန (FDA) ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန်းထွဋ်ထံမှ သိရသည်။

ယင်းကဲ့သို့ ဆောင်ရွက်ရာတွင် အစားအသောက် ဘေးအန္တရာယ်ကင်းရှင်းရေး၊ ဆေးဝါးများ ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် အလှကုန်များ ဘေးအန္တရာယ် ကင်းရှင်းရေးတို့အတွက် မူဝါဒနှင့်လုပ်ငန်း စီမံချက်များ ရေးဆွဲ ဆောင်ရွက်မည်ဖြစ်ပြီး အမျိုးသားအစား အသောက်ဥပဒေ၊ အမျိုးသားဆေးဝါး ဥပဒေ၊ ပြည်သူ့ကျန်းမာရေး ဥပဒေများနှင့် တရားစွဲဆိုမည် ဖြစ်သည်။

''ဒီနှစ်ကတော့ ပစ္စည်းသိမ်းမယ်၊ ခံဝန်ချက် ထိုးခိုင်းမယ်။ ဆိုင်ပိတ်သိမ်း တာတွေအပြင် ပြည်သူတွေဘေးကင်း လုံခြုံဖို့ ပိုမိုကြပ်မတ် ဆောင်ရွက်မှာပါ'' ဟု ဒေါက်တာသန်းထွဋ်က ပြောသည်။

၂ဝ၁၆ ခုနှစ်မှစ၍ ပြည်တွင်း၌ အစားအသောက် ဆေးဝါးနှင့်အလှကုန်များ ဘေးကင်းလုံခြုံမှုရှိစေရန် အသိပညာပေးမှုများ ဆောင်ရွက်ခဲ့ပြီး ၂ဝ၁၇ ခုနှစ်တွင် ဈေးကွက်ထောက်လှမ်းခြင်းဖြင့် ဈေးကွက်အတွင်း လှည့်လည် စစ်ဆေးကာ အသိပညာပေးမှုများနှင့် အရေးယူမှုများ တွဲဖက်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထို့ပြင် မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန (ရန်ကုန်) အနေဖြင့် ကျောင်းမုန့်ဈေးတန်း၌ ရောင်းချနေသော အစားအသောက်များကို ရွေ့လျားယာဉ်ဖြင့် ရှောင်တခင်ဝယ်ယူ ဓာတ်ခွဲစစ်ဆေးပြီး ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ဈေးသည်များ အစားအစားအသောက် ဆေးဝါးနှင့် အလှကုန်များ တရားမဝင်ရောင်းချမှုကို ပိုမိုကြပ်မတ် ဆောင်ရွက်မည် အသောက်များ ဘေးအန္တရာယ်ကင်းရှင်းရေး အတွက် ဈေးများသို့ လှည့်လည်ကာ အသိပညာပေး ဟောပြော ဆွေးနွေးမှုများကို လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment