Pages

Thursday, December 7, 2017

တပ်မတော်မြစ်တွင်းသွား ဆေးရုံရေယာဉ် (ရွှေပုဇွန်)နှင့် မြစ်ရေယာဉ်(စကု)တို့ ဧရာဝတီတိုင်း ဒေသကြီး၊ ဧရာဝတီမြစ်ကြောင်း တစ်လျှောက်ရှိ ကျေးရွာများ၌ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများဆောင်ရွက်ရန် ထွက်ခွာ



နေပြည်တော် ၇-၁၂-၂၀၁၇

ဧရာဝတီတိုင်းဒေသကြီး၊ ဧရာဝတီမြစ်ကြောင်း တစ်လျှောက်ရှိ ဒေသခံပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးရန်အတွက် တပ်မတော်နယ်လှည့် အထူးကုဆေးအဖွဲ့မှ ပါရဂူများ၊ဆေးမှူးများနှင့် သူနာပြုများပါဝင်သော တပ်မတော်မြစ်တွင်းသွား ဆေးရုံရေယာဉ် (ရွှေပုဇွန်)နှင့် မြစ်ရေယာဉ် (စကု)တို့သည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့၊ ဧရာဝတီ ရေတပ်စခန်း ဌာနချုပ်၊ အမှတ်(၄) ရေတပ် ဗောတံတားမှ ထွက်ခွာရာ ဌာနချုပ်မှူးနှင့် အရာရှိ၊ စစ်သည်၊ မိသားစုများ ပို့ဆောင် နှုတ်ဆက်ကြသည်။

အဆိုပါနယ်လှည့်အထူးကု ဆေးအဖွဲ့သည် ဧရာဝတီမြစ်ကြောင်း တစ်လျှောက်ရှိ ဒေသခံပြည်သူများအား ခွဲစိတ်ကုသမှု ဆိုင်ရာရောဂါ၊ သားဖွား/မီးယပ်ရောဂါ၊ ကလေးရောဂါ၊ အရိုးရောဂါ၊ မျက်စိရောဂါ၊ နား/ နှာခေါင်း/ လည်ချောင်းရောဂါ၊ သွားရောဂါ၊ အထွေထွေ ရောဂါတို့နှင့် ပတ်သက်၍ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးသွား မည်ဖြစ်ပြီး X-Ray ရိုက်ခြင်း၊ Ultrasound ရိုက်ခြင်းနှင့် ခွဲစိတ်ရောဂါများ ရှာဖွေစမ်းသပ် ကုသခြင်းများ ဆောင်ရွက် ပေးသွားမည် ဖြစ်သည်။

ထို့ပြင် အရေးပေါ် အခြေအနေ ပေါ်ပေါက်ပါက ဆေးရုံရေယာဉ်ပေါ်၌ လူနာ ၃ဝ ဦးအထိ တင်ဆောင် ကုသနိုင်သည့် ခွဲစိတ်ခန်း၊ သားဖွား/မီးယပ်ခန်း၊ စမ်းသပ်ခန်းနှင့် အထူး ကြပ်မတ်ကုသဆောင်များလည်း ပါ ရှိကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment