Pages

Thursday, December 7, 2017

ခိုလမ်မြို့၊ ရွှေစည်းခုံ ကောင်းမှုလျှံ ပြည်ငြိမ်းအေး စေတီတော် မြတ်ကြီးအား မြသပိတ်တော်၊ ရွှေကြာသင်္ကန်းတော်၊ ရွှေထီးတော်၊ စိန်ဖူးတော်အထွတ် တင်လှူခြင်းနှင့် ဗုဒ္ဓါဘိသေက အနေကဇာတင်လှူ ပူဇော်ပွဲပြုလုပ်



အလှူရှင်များက ခိုလမ်မြို့၊ ရွှေစည်းခုံကောင်း မှုလျှံပြည်ငြိမ်းအေး စေတီတော်မြတ်ကြီး အထွတ်တွင် စိန်ဖူးတော်အားတင်လှူပူဇော်စဉ်။

နေပြည်တော် ၇-၁၂-၂၀၁၇

ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ခိုလမ်မြို့၊ ခိုလမ်-ကျိုင်းတောင်း ကားလမ်းအနောက် ဘက်ရှိ ရွှေစည်းခုံ ကောင်းမှုလျှံ ပြည်ငြိမ်းအေး စေတီတော်မြတ်ကြီးအား မြသပိတ်တော်၊ ရွှေကြာ သင်္ကန်းတော်၊ ရွှေထီးတော်၊ စိန်ဖူးတော် အထွတ်တင်လှူခြင်းနှင့် ဗုဒ္ဓါဘိသေက အနေကဇာ တင်လှူပူဇော်ပွဲကို ယနေ့နံနက်ပိုင်းတွင် အဆိုပါ စေတီတော်၌ ပြုလုပ်ရာ နိုင်ငံတော် သံဃမဟာ နာယကအဖွဲ့ ဒုတိယဥက္ကဋ္ဌ လွိုင်လင်မြို့ ဓာတ်တော်ကျောင်းတိုက် ဆရာတော် အဂ္ဂမဟာ ပဏ္ဍိတအဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ ဒေါက်တာဘဒ္ဒန္တ ပညာနန္ဒနှင့် နိုင်ငံတော် ဗဟိုသံဃာ့ဝန်ဆောင် နေပြည်တော် ပုဗ္ဗသီရိမြို့ အောင်စည်သာ ပရိယတ္တိစာသင်တိုက် ဆရာတော် မဟာဂန္ထဝါစက ပဏ္ဍိတဘဒ္ဒန္တဝိစက္ခဏ အမှူးပြုသော သံဃာတော်များ ကြွရောက်တော်မူကြပြီး ဒုတိယဗိုလ်ချုပ်ကြီး မြင့်စိုး (အငြိမ်းစား)၊ အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်သန်းလှိုင်နှင့် အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ စေတနာရှင် အလှူရှင်များ၊ ဖိတ်ကြားထားသူ များနှင့် ဒေသခံပြည်သူများ တက်ရောက်ကြသည်။

ဦးစွာ တက်ရောက်လာသူများက နိုင်ငံတော် သံဃမဟာ နာယကအဖွဲ့ ဒုတိယဥက္ကဋ္ဌ လွိုင်လင်မြို့ ဓာတ်တော်ကျောင်းတိုက် ဆရာတော်ထံမှ ကိုးပါးသီလခံယူ ဆောက်တည်ကြသည်။

ထို့နောက် ဒုတိယဗိုလ်ချုပ်ကြီး မြင့်စိုး (အငြိမ်းစား)နှင့် တိုင်းမှူး ဗိုလ်ချုပ်သန်းလှိုင်တို့ အမှူးပြုသော အလှူရှင်များက သံဃာတော်များထံ စိန်ဖူးတော်၊ ငှက်မြတ်နားတော်နှင့် ရွှေထီးတော် ဘုံအဆင့်ဆင့် တို့အား ဆက်ကပ် လှူဒါန်းကြပြီး စေတီတော်မြတ်အား လက်ယာရစ် လှည့်လည်ပူဇော်ကာ မင်္ဂလာ ရထားပျံသို့ ပို့ဆောင် ကြသည်။

ယင်းနောက် မင်္ဂလာ ရထားပျံဖြင့် စိန်ဖူးတော်၊ ငှက်မြတ်နားတော်နှင့် ရွှေထီးတော် ဘုံအဆင့်ဆင့် များကို အစီအစဉ်အတိုင်း ပင့်ဆောင်ကြပြီး စေတီအထွတ်တွင် တင်လှူပူဇော်၍ ပရိတ်နံ့သာရည်များ သွန်းလောင်းကာ ဗုဒ္ဓသာသန အဘိဓဇ သာသနာ့မဟာ အောင်လံတော် မြတ်ကို ရွှေထီးတော်မြတ်၏ ပိန္နဲတိုင်တွင် လွှင့်ထူပူဇော်၍ စေတီတော်အား ရွှေကြာသင်္ကန်း ဆက်ကပ်လှူဒါန်း ပူဇော်ကာ ဆရာတော် အရှင်သူမြတ်များက စေတီတော်မြတ်အား ဗုဒ္ဓါဘိသေက အနေကဇာတင် ပူဇော်ကြသည်။

ဆက်လက်၍ တိုင်းမှူးနှင့် တာဝန်ရှိသူများက သံဃာတော်များအား နေ့ဆွမ်းဆက်ကပ် လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment