Pages

Tuesday, October 3, 2017

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဗီယက်နမ်ဆိုရှယ်လစ် သမ္မတနိုင်ငံ၊ ကာကွယ်ရေး ၀န်ကြီးအားဂုဏ်ပြုညစာဖြင့် တည်ခင်းဧည့်ခံ



တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ၊ ကာကွယ်ရေးဝန်ကြီး H. E. General Ngo Xuan Lich တို့ ဂုဏ်ပြုညစာစားပွဲတွင် ပြည်သူ့ဆက်ဆံရေး နှင့် စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံး ကွပ်ကဲမှုအောက် မြဝတီတေးဂီတအဖွဲ့က အကပဒေသာများဖြင့် သီဆိုကပြဖျော်ဖြေမှုကို ကြည့်ရှုအားပေးစဉ်။

ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ၊ ကာကွယ်ရေးဝန်ကြီး H. E. General Ngo Xuan Lich သူရဲကောင်းဗိမာန်ရှိ အထိမ်းအမှတ်ကျောက်တိုင်ရှေ့၌ ဂုဏ်ပြုပန်းခွေချစဉ်။

နေပြည်တော် ၃-၁၀-၂၀၁၇

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဗီယက်နမ်နိုင်ငံ ကာကွယ်ရေးဝန်ကြီး H.E. General Ngo Xuan Lich ဦးဆောင်သော ချစ်ကြည်ရေးကိုယ်စားလှယ် အဖွဲ့အား ယနေ့ညပိုင်းတွင် နေပြည်တော်ရှိ Kempinski Hotel ၌ဂုဏ်ပြုညစာဖြင့် တည်ခင်း ဧည့်ခံသည်။

အဆိုပါညစာစားပွဲသို့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့်အတူ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းနှင့် တပ်မတော်အရာရှိကြီးများ တက်ရောက်ကြပြီး ဗီယက်နမ်နိုင်ငံ ကာကွယ်ရေးဝန်ကြီး နှင့်အတူ ဒုတိယစစ်ဦးစီးချုပ် Sr. Lt. Gen. Nguyen Phuong Nam နှင့် တပ်မတော်အရာရှိကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ ဗီယက်နမ်နိုင်ငံသံအမတ်ကြီး Mrs. Dr. Luan Thuy Duong ၊ စစ်သံမှူး Col. Nguyen Duc Giang တို့တက်ရောက်ကြသည်။

ဦးစွာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က နှုတ်ခွန်းဆက်စကား ပြောကြားပြီး ဗီယက်နမ်နိုင်ငံ ကာကွယ်ရေးဝန်ကြီးက ကျေးဇူးတင်စကားပြန်လည် ပြောကြားသည်။ ယင်းနောက် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် ဗီယက်နမ်နိုင်ငံ ကာကွယ်ရေးဝန်ကြီးတို့သည် တက်ရောက်လာကြသူများ နှင့်အတူ ဂုဏ်ပြုညစာကို အတူတကွ သုံးဆောင်ကြသည်။

ညစာသုံးဆောင်နေစဉ်အတွင်း ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံး ကွပ်ကဲမှုအောက် မြ၀တီတေးဂီတအဖွဲ့က နှစ်နိုင်ငံတေးသီချင်းများ၊ အကပဒေသာများဖြင့် သီဆိုကပြဖျော်ဖြေ ကြသည်။ ညစာသုံးဆောင်အပြီးတွင် အမှတ်တရ လက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်ကြသည်။ ထို့နောက် သီဆိုကပြဖျော်ဖြေကြသော ဖျော်ဖြေရေးအဖွဲ့မှ စစ်သည်၊ စစ်သမီးများအား ဂုဏ်ပြုပန်းခြင်းများ အသီးသီးပေးအပ်ကြပြီး အမှတ်တရစုပေါင်း ဓာတ်ပုံရိုက်ခဲ့ကြသည်။

ထို့အတူ ဗီယက်နမ်ကာကွယ်ရေးဝန်ကြီး H.E. General Ngo Xuan Lich ဦးဆောင်သော ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့သည် နံနက်ပိုင်းကလည်း နေပြည်တော်ရှိ သူရဲကောင်းဗိမာန်သို့ သွားရောက်၍ အထိမ်းအမှတ် ကျောက်တိုင်ရှေ့၌ ဂုဏ်ပြုပန်းခွေချကာ နိုင်ငံတော်ကာကွယ်ရေးတာဝန်များကို ကျေပွန်စွာထမ်းဆောင်ရင်း အသက်စွန့်လွှတ်ခဲ့ရသည့် သူရဲကောင်းများကိုအလေးပြုပြီး သူရဲကောင်းဗိမာန်ရှိ ဧည့်သည်တော်မှတ်တမ်း စာအုပ်တွင် လက်မှတ်ရေးထိုးခဲ့ကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment