Pages

Monday, September 25, 2017

မန္တလေးမဟာမုနိ ရုပ်ရှင်တော်မြတ် ကိုယ်လုံးတော်ပြည့် ဖူးမြော်နိုင်ရန် လက်မ ၅ဝ ရှိ LCD TV များ တပ်ဆင်ရန်ဆောင်ရွက်



မန္တလေး ၂၅-၉-၂၀၁၇

မန္တလေး မဟာမုနိရုပ်ရှင်တော်မြတ်သို့ လာရောက်ဖူးမြော်ကြသည့် ဘုရားဖူးလာ အမျိုးသမီးများအတွက် ရည်ရွယ်၍ မဟာမုနိရုပ်ရှင်တော်မြတ် ကိုယ်လုံးတော်ပြည့် ဖူးမြော်နိုင်ရေး လက်မ ၅ဝ ရှိ LCD TV  များတပ်ဆင်ရန် ဆောင်ရွက်လျက်ရှိကြောင်း မဟာမုနိရုပ်ရှင်တော်မြတ် ဂေါပကအဖွဲ့ ဥက္ကဋ္ဌ ဦးစိုးလင်းထံမှ သိရသည်။

မဟာမုနိရုပ်ရှင်တော်မြတ်ကို အမျိုးသမီးများအနေဖြင့် ဘုရားကြီး၏ ရှေ့မျက်နှာစာဘက်မှ ဖူးမြော်ရပြီး ဝဲ၊ ယာနှင့် အနောက်ဘက်တို့မှ အပြည့်အဝဖူးမြော်ခွင့် မရသည့်အတွက် ကိုယ်လုံးတော်ပြည့် ဖူးမြော်နိုင်ရန် တီဗွီများဖြင့် တိုက်ရိုက်ပြသမည်ဖြစ်ကာ အရုဏ်တက် မဟာမုနိရုပ်ရှင်တော်မြတ် မျက်နှာတော် သစ်ချိန်မှစ၍ ပြသနိုင်ရန် ဆောင်ရွက်မည် ဖြစ်ကြောင်း သိရသည်။

''အမျိုးသမီးတွေက မဟာမုနိရုပ်ရှင်တော်မြတ်ကို ရှေ့မျက်နှာစာကပဲ ဖူးမြော်ရတော့ အနောက်ဘက်၊ ဝဲဘက်၊ ယာဘက်ကို မဖူးနိုင်ဘူးဖြစ်နေတယ်။ ဒါကြောင့် အရုဏ်တက်နံနက် ဘုရားကြီးမျက်နှာတော် သစ်တဲ့အချိန်ကနေ ညတံခါးပိတ်တဲ့အထိ နေ့စဉ် တီဗွီငါးလုံးနဲ့ ကိုယ်လုံးတော်ကို ရှုထောင့်စုံက ဖူးမြော်နိုင်အောင် ပြသပေးမှာဖြစ်ပါတယ်'' ဟု ဦးစိုးလင်းက ပြောသည်။

လက်ရှိတွင် အရှေ့ဘက်အတွက် တီဗွီနှစ်လုံးနှင့် အနောက်ဘက်အတွက် တီဗွီတစ်လုံးကို လှူမည့်သူရှိပြီး ဖြစ်ကြောင်း၊တီဗွီများကို မဟာမုနိရုပ်ရှင်တော်မြတ်၏ ရှေ့မျက်နှာစာဘက်တွင် နှစ်လုံး၊ ဝဲဘက်တွင်တစ်လုံး၊ယာဘက်တွင် တစ်လုံး၊ အနောက်ဘက်တွင် တစ်လုံး တပ်ဆင်ရန်ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment