Pages

Tuesday, September 5, 2017

ကျိုင်းတုံမြို့ရှိ သံဃာတော်များနှင့် သာသနာ့အနွယ်ဝင် သီလရှင်များအား စုပေါင်းဆွမ်းလောင်းလှူ၊ ကလေးငယ်များနှင့်ကိုယ်ဝန်ဆောင်မိခင်များအား ဗီတာမင်အေနှင့် သံချဆေးတိုက်ကျွေး


ကျိုင်းတုံမြို့ရှိ သံဃာတော်များနှင့်သာသနာ့အနွယ်ဝင်သီလရှင်များအား ဝါတွင်းကာလစုပေါင်းဆွမ်းလောင်းလှူစဉ်။

တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ် အောင်ဇော်အေး ကလေးငယ်များအား ဗီတာမင်အေနှင့်သံချဆေးတိုက်ကျွေးစဉ်။

နေပြည်တော် ၅-၉-၂၀၁၇

ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့ရှိ သံဃာတော်များနှင့် သာသနာ့အနွယ်ဝင် သီလရှင်များအား ဝါတွင်းကာလ စုပေါင်းဆွမ်းလောင်းလှူပွဲကို ယနေ့နံနက်ပိုင်းတွင် မဟာမြတ်မုနိဘုရားကြီး၌ ပြုလုပ်သည်။

ဦးစွာ တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ်အောင်ဇော်အေး နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအဖွဲ့ဝင်များနှင့် အလှူရှင်များက မဟာမြတ်မုနိဘုရားကြီးအား ဖူးမြော်ကြသည်။ ထို့နောက် ဘုန်းတော်ကြီးကျောင်း ၂ဝကျောင်းမှ သံဃာတော် ၂၅၇ ပါးနှင့် သာသနာ့အနွယ်ဝင် သီလရှင်ကိုးပါးတို့ကို ဆွမ်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ် လောင်းလှူကြသည်။

ဆက်လက်၍ တိုင်းမှူးနှင့်အဖွဲ့ဝင်များသည် တိုင်းစစ်ဌာနချုပ်၊ ပြည်ငြိမ်းအေး ခန်းမသို့သွားရောက်၍ တိုင်းစစ်ဌာနချုပ်မှ တပ်မတော်သားမိသားစုဝင် ကလေး ၃၇ဝ ဦးနှင့် ကိုယ်ဝန်ဆောင်မိခင် ၇၃ ဦးတို့ကိုကျိုင်းတုံမြို့ရှိ တပ်မတော်ဆေးရုံမှ ဆေးတပ်ဖွဲ့ ဝင်များနှင့်အတူ ဗီတာမင်အေနှင့် သန်ချဆေးများ တိုက်ကျွေးခဲ့ကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment