Pages

Tuesday, September 5, 2017

ရခိုင်ပြည်နယ် အတွင်းရှိ လုံခြုံရေး တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဒေသခံပြည်သူများအတွက် အလှူငွေများ ပေးအပ်လှူဒါန်း


အရှေ့တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်မျိုးဝင်းထံစေတနာရှင် အလှူရှင်များက အလှူငွေများပေးအပ်လှူဒါန်းစဉ်။

အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်တေဇကျော်ထံ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် စေတနာရှင်အလှူရှင်များက အလှူငွေများပေးအပ်လှူဒါန်းစဉ်။

လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ဒေသခံတိုင်းရင်းသား ပြည်သူများအတွက် ကျောက်တော်မြို့နယ်၊ လုပ်ငန်းရှင်များအဖွဲ့က အလှူငွေများပေးအပ် လှူဒါန်းစဉ်။

နေပြည်တော် ၅-၉-၂၀၁၇

ရခိုင်ပြည်နယ်အတွင်း နိုင်ငံတော်လုံခြုံရေးနှင့် ကာကွယ်ရေးတာဝန်များကို သက်စွန့်ကြိုးပမ်း ဆောင်ရွက် လျက်ရှိသည့် လုံခြုံရေး တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် ARSA အစွန်းရောက် ဘင်္ဂါလီအကြမ်းဖက် သမားများ၏ အကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ်များကြောင့် နေရပ်စွန့်ခွာ တိမ်းရှောင်နေရသည့် ဒေသခံ ပြည်သူများအတွက် အနယ်နယ် အရပ်ရပ်မှ စေတနာရှင် အလှူရှင်များက အလှူငွေများပေး အပ်လှူဒါန်းခြင်း ကို ယနေ့ညနေပိုင်းတွင် အရှေ့တောင် တိုင်းစစ်ဌာနချုပ်ရှိ အဏ္ဏဝါရိပ်သာ၌ ပြုလုပ်သည်။

အလှူငွေပေးအပ်ပွဲတွင် တိုင်းမှူး ဗိုလ်ချုပ်မျိုးဝင်းက အလှူရှင်များအား ကျေးဇူးတင်စကားပြောကြားပြီး အလှူရှင်များက လှူဒါန်းသည့် အလှူငွေကျပ် ၃၈၉ သိန်းနှင့် အမေရိကန် ဒေါ်လာ ၅ဝဝဝ တို့ကို လက်ခံရယူ၍ဂုဏ်ပြု မှတ်တမ်းလွှာများ ပြန်လည်ပေးအပ်သည်။

အလားတူ အလှူငွေနှင့်ထောက်ပံ့ပစ္စည်းများပေးအပ်ပွဲကို ယနေ့နံနက်ပိုင်းတွင် အနောက် တောင်တိုင်း စစ်ဌာနချုပ်ရှိ မြဧရာဧည့်ရိပ်သာ၌ပြုလုပ်ရာ အလှူရှင်များဖြစ်ကြသည့် ဧရာဝတီ တိုင်း ဒေသကြီးအစိုးရအဖွဲ့နှင့် စေတနာရှင်အလှူရှင်များက ငွေကျပ်၁ဝ၁ သိန်းနှင့် ဆန်အိတ် ၅ဝဝ၊ ဧရာဝတီတိုင်းဒေသကြီး၊ မီးသတ်ဦးစီးဌာန တပ်ဖွဲ့ဝင်များနှင့် စီးပွားရေးလုပ်ငန်းရှင် ၁၃ ဦးတို့က ငွေကျပ်သိန်း ၃ဝ၊ ဦးတင်နိုင်ထွန်း (မြောင်းမြမြို့ စက်သုံးဆီအရောင်းဆိုင်) မိသားစုက ငွေကျပ် ငါးသိန်း၊ စုစုပေါင်း ငွေကျပ် ၁၃၆ သိန်းနှင့် ဆန်အိတ် ၅ဝဝ တို့ကို အသီးသီးပေးအပ် လှူဒါန်းကြရာ တိုင်းမှူး ဗိုလ်ချုပ်တေဇကျော်က လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ကာ ကျေးဇူးတင် စကားပြောကြားသည်။

ထို့အတူ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့်ဒေသခံ တိုင်းရင်းသားပြည်သူများအတွက် ကျောက်တော်မြို့နယ်၊ လုပ်ငန်း ရှင်များအဖွဲ့က ငွေကျပ်သိန်း ၂ဝ၊ မင်းပြားမြို့နယ်၊ ဌာန ဆိုင်ရာ ဝန်ထမ်းများနှင့် လုပ်ငန်းရှင်များ အဖွဲ့တို့က ငွေကျပ် သုံးသိန်းတို့ကို စက်တင်ဘာ ၃ ရက်တွင် ကျောက်တော်မြို့ရှိ နယ်မြေခံတပ်သို့ သွားရောက် လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment