Pages

Tuesday, September 26, 2017

မြစ်သာမြစ်ရေပြန်လည် ကျဆင်းသွား၍ ရေဘေးရှောင်ပြည်သူများ မိမိတို့၏ နေအိမ်အသီးသီးသို့ ပြန်လည်ပြောင်းရွှေ့လျက်ရ



ကလေး ၂၆-၉-၂၀၁၇

ကလေးမြို့နယ်အတွင်း စက်တင်ဘာ ၁၇ ရက် နံနက်ပိုင်းမှ စတင်၍ မိုးသည်းထန်စွာ အဆက်မပြတ် ရွာသွန်းမှုကြောင့် ချောင်းရေမြောင်းရေများ ကြီးလာမှုကြောင့် မြစ်သာမြစ်ရေသည် စက်တင်ဘာ ၂ဝ ရက်တွင် စိုးရိမ်ရေ အမှတ်ထက် ကျော်လွန်ရောက်ရှိခဲ့ပြီး ကလေးမြို့နယ် အနိမ့်ပိုင်းမြို့ပေါ် အချို့နှင့်ကျေးရွာ အချို့တို့တွင် မြစ်ရေများ စတင်ဝင်ရောက်ခဲ့ရာမှ ယခုအခါ မြစ်ရေသိသိသာသာ ပြန်လည်လျော့နည်း ကျဆင်းလာပြီဖြစ်ရာ ခရိုင်နှင့် မြို့နယ်စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌများ၏ စီမံခန့်ခွဲမှု၊ ကယ်ဆယ်ရေးစခန်းများမှ တာဝန်ကျဌာန ဆိုင်ရာများ၏ စနစ်တကျစီမံ ဆောင်ရွက်ပေးမှုတို့ဖြင့် ရေဘေးရှောင် ကယ်ဆယ်ရေးစခန်း၂၂ခုမှ အိမ်ထောင်စု ၂၂၄၁စု လူဦးရေ၁ဝ၁၉၈ ဦးတို့သည် စက်တင်ဘာ ၂၄ရက်မှစ၍ မိမိတို့၏ နေအိမ်အသီးသီးသို့ ပြန်လည်ရွှေ့ပြောင်းပြီ ဖြစ်ကြောင်း သိရသည်။

အဆိုပါ ရေကြီးရေလျှံ ဖြစ်ပွားခဲ့မှုကြောင့် လမ်းပိုင်းအချို့ပျက်စီးမှုများရှိခဲ့ရာ သက်ဆိုင်ရာဌာနမှ တာဝန်ရှိသူများက ပြည်သူများ အဆင်ပြေချောမွေ့စွာ သွားလာနိုင်ရေးအတွက် စက်ယန္တရားကြီးများ အသုံးပြု၍ အချိန်နှင့် တစ်ပြေးညီ ပြီးစီးအောင် ဆောင်ရွက်ခြင်း၊မြန်မာ-အိန္ဒိယနယ်စပ် ကုန်သွယ်ရေးလမ်းဖြစ်သည့် ကလေး-ကလေးဝ-တမူးလမ်းနှင့် အာရှပတ်လမ်းမကြီးပေါ် တင်ကျန်ရစ်သောရွှံ့ညွန်အမှိုက် သရိုက်များနှင့် နုန်းများကို ကလေးတပ်နယ်မှ နယ်မြေခံတပ်မတော်သားများ၊ မြို့နယ်စည်ပင် သာယာရေးကော်မတီ၊ ပြည်သူ့ဆောက်လုပ်ရေး လုပ်ငန်းမှ လမ်းဦးစီးဌာနနှင့် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနတို့မှ ဝန်ထမ်းများက သန့်ရှင်းရေး လုပ်ငန်းများ ဆောင်ရွက်ပေးကြသည်။

ထို့ပြင် သက်ဆိုင်ရာဌာနမှ တာဝန်ရှိသူများက ရေဝင်ရောက်ခဲ့သော ကလေးမြို့ ပေါ်ရပ်ကွက်နှင့် ကျေးရွာများရှိရေတွင်းနှင့် ရေတုံကင်များပျက်စီးမှုကို ပြုပြင်ဆောင်ရွက်ပေးခြင်းနှင့် သန့်ရှင်းရေးပြုလုပ်ပေးခြင်း၊ သန့်ရှင်းသော သောက်ရေသုံးရေ ပြန်လည်ရရှိရေးအတွက် တာဝန်ရှိသူများနှင့် ပူးပေါင်း၍ရေတွင်း ရေကန်များကို တစ်အိမ်တက်ဆင်း လိုက်လံ၍ Chlorine ဆေးခပ်ခြင်းနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးကြကြောင်း သိရသည်။

#Yadanarpondaily

No comments:

Post a Comment