Pages

Thursday, September 28, 2017

မန္တလေးအပြည်ပြည်ဆိုင်ရာ လေဆိပ်မှ လိုက်ပါစီးနင်းသည့် ခရီးသွားဧည့်သည်များ အနေဖြင့် ဝန်ထမ်းများဆက်ဆံရေး မပြေပြစ်ပါက လာရောက်တိုင်ကြားနိုင်



မန္တလေး ၂၈-၉-၂၀၁၇

မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ ပြည်တွင်းနှင့် အရှေ့တောင်အာရှနိုင်ငံများသို့ လိုက်ပါစီးနင်းသည့် ခရီးသွားဧည့်သည်များ အနေဖြင့် ဝန်ထမ်းများဆက်ဆံရေး မပြေပြစ်ပါက လာရောက်တိုင်ကြား နိုင်ကြောင်း မြန်မာအမျိုးသားလေကြောင်း (မန္တလေးဌာနခွဲ)မှ တာဝန်ရှိသူတစ်ဦးက ပြောပြ၍ သိရသည်။

မန္တလေးမြို့တွင် လွန်ခဲ့သည့် နှစ်ပေါင်း နှစ်ဆယ်ကျော်ကာလက ပြည်တွင်းရှိ မြို့ကြီးများသို့ အပျော်ခရီး စဉ်များဖြင့်သော်လည်းကောင်း၊ အလုပ်ကိစ္စများဖြင့် သော်လည်းကောင်း လေယာဉ်များဖြင့် ခရီးသွားလာမှုသည် နည်းပါးပြီး ရေလမ်းကြောင်း မှ သင်္ဘောဖြင့်သော်လည်းကောင်း၊ ကုန်းလမ်းကြောင်းမှ ကားများဖြင့်သော်လည်းကောင်း အသုံးပြုသွားလာခဲ့ကြသည်။ ယခုလက်ရှိအချိန်တွင် ပုဂ္ဂလိကလေကြောင်း လိုင်းများအပြင် မြန်မာအမျိုးသား လေကြောင်းမှလည်း လေယာဉ်များဖြင့် ခရီးစဉ်များကိုတိုးချဲ့ပျံသန်း ပြေးဆွဲလာခဲ့သည့်အတွက် လိုက်ပါစီးနင်းသူများသည်လည်း တဖြည်းဖြည်းများလာခဲ့ကြောင်း သိရသည်။

ထိုသို့မန္တလေး အပြည်ပြည်ဆိုင်ရာလေဆိပ်မှ အခြားမြို့ကြီးများသို့ ပျံသန်းပြေးဆွဲ ပေးနေသော်လည်း လိုက်ပါစီးနင်းသည့် ခရီးသွားပြည်သူများ ဝန်ဆောင်မှု အပိုင်းအပြင် ဆက်ဆံရေးအပိုင်းတွင်ပြေပြစ်မှုမရှိပါက မြန်မာအမျိုးသားလေကြောင်း (မန္တလေးဌာနခွဲ) သို့လာရောက်တိုင်ကြား နိုင်ကြောင်း၊ ခရီးသွားပြည်သူများအနေဖြင့် လာရောက်တိုင်ကြား ရာတွင်လည်း အမှန်တကယ်ဝန်ဆောင်မှုအပိုင်း ကောင်းမွန်မှု ရှိ၊ မရှိကို စစ်ဆေးပြီးမှသာဆုံးဖြတ်သွားမည် ဖြစ်ကြောင်း သိရသည်။

ထို့ပြင် မန္တလေးအပြည်ပြည်ဆိုင်ရာ လေဆိပ်မှအခြားမြို့ကြီးများ ဖြစ်သည့် တာချီလိတ်၊ ကျိုင်းတုံ၊ကလေး၊ နေပြည်တော်၊ ရန်ကုန်၊မြစ်ကြီးနား၊ ပူတာအိုစသည့်မြို့ကြီးများသို့ လူဦးရေ၁၆၄ဦးဆံ့ အမေရိကန်နိုင်ငံထုတ် Boeing-737 လေယာဉ်အမျိုးအစား လေးစီး၊လူဦးရေ ၁ဝဝဆံ့ ဘရာဇီးနိုင်ငံထုတ် Embraer အမျိုးအစားနှစ်စီးနှင့် လူဦးရေ ၇ဝ ဆံ့ ပြင်သစ်နိုင်ငံထုတ် ATR အမျိုးအစား ကိုးစီးတို့ဖြင့် ခရီးစဉ်များကို ဖြန့်ကြက်ပြေးဆွဲ ပေးလျက်ရှိကြောင်း မြန်မာအမျိုးသား လေကြောင်း (မန္တလေးဌာနခွဲ)မှ သိရသည်။

#Themyawadydaily

No comments:

Post a Comment