Pages

Monday, September 25, 2017

ဗုဒ္ဓဂယာဘုရားဖူးသွားသူများ ပတ်စ်ပို့လျှောက်ထားရာတွင် အဆင်ပြေလွယ်ကူစေရန် ဆောင်ရွက်ပေးမည်



ရန်ကုန် ၂၅-၉-၂၀၁၇

ဗုဒ္ဓဂယာသို့ ဘုရားဖူးသွားသူများ ပတ်စ်ပို့လျှောက်ထားရာတွင် အဆင်ပြေလွယ်ကူစေရန် ဗုဒ္ဓဂယာဘုရားဖူး လုပ်ငန်းကော်မတီနှင့် မြန်မာနိုင်ငံကူးလက်မှတ် ထုတ်ပေးသည့် ဌာနတို့ ဆွေးနွေးမှုများ လုပ်ဆောင်မည် ဖြစ်ကြောင်း ဗုဒ္ဓဂယာဘုရားဖူးလုပ်ငန်း ကော်မတီမှ သိရသည်။

''ဗုဒ္ဓဂယာဘုရားဖူးသွားဖို့ ပတ်စ်ပို့ လျှောက်တဲ့အခါမှာ လူကျပ်နေတာတွေရှိတယ်။ ဗုဒ္ဓဂယာဘုရားဖူး သွားကြတာက ဆရာတော်ကြီးတွေ၊ သီလရှင်တွေ၊ ပင်စင်စားတွေနဲ့ အသက်အရွယ် ကြီးသူတွေ သွားရောက်ဖူးမြော် ကြတာများတယ်။ ဒါကြောင့် ပတ်စ်ပို့လျှောက်ထား တာနဲ့ပတ်သက်ပြီး အဆင်ပြေလွယ်ကူအောင် ညှိနှိုင်းဆွေးနွေးမှု တွေလုပ်ဆောင်ပေးမှာပါ''ဟု ဗုဒ္ဓဂယာဘုရားဖူး လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးမောင်မောင်မြင့် ကပြောသည်။

အဓိကအားဖြင့် မိမိတို့ဘက်မှ လုပ်ဆောင်လိုသည်များနှင့် တစ်ဖက်မှလုပ်ဆောင်ခွင့် ပြုပေးနိုင်မည့် အခြေအနေတို့ကို အပြန်အလှန်ဆွေးနွေးပြီး ဗုဒ္ဓဂယာဘုရားဖူးအတွက် Channel တစ်ခုအဖြစ် လုပ်ဆောင် ပေးနိုင်စေရန် ဆွေးနွေးတိုင်ပင်မည် ဖြစ်ကြောင်း၊ နှစ်စဉ် ဗုဒ္ဓဂယာသို့ ဘုရားဖူးသွားသူ သုံးသောင်းကျော်ခန့်ရှိကြောင်း သိရသည်။

''အခုကတော့ ဆွေးနွေးတဲ့အဆင့်ပဲ လုပ်မှာပါ။ ဘယ်လိုလုပ်ပေးနိုင်မယ်၊ ဘာတွေလုပ်ဆောင်နိုင်မယ် ဆိုတာတွေကိုတော့ ညှိနှိုင်းဆွေးနွေးပြီးရင် ရလဒ်ကို ထုတ်ပြန်ကြေညာပေးမှာပါ''ဟု ဦးမောင်မောင်မြင့်က ပြောသည်။

#Themyawadydaily

No comments:

Post a Comment