Pages

Tuesday, August 1, 2017

မြန်မာသင်္ဘောသားများ၏ အလုပ်အကိုင် အခွင့်အလမ်းများ အတွက် MNA မှ အသိပညာနှင့် အရည်အသွေး မြင့်မားရေး ကူညီဆောင်ရွက်ပေးမည်



ရန်ကုန် ၁-၈-၂၀၁၇

နိုင်ငံတကာ သင်္ဘောလိုင်းများ၏ စီးပွားရေး ကျဆင်းလာမှု နှင့်အတူ မြန်မာသင်္ဘောသားများ၏ အလုပ်အကိုင် အခွင့်အလမ်းများ လျော့နည်းလာမှုကို မြန်မာနိုင်ငံရေကြောင်း အတတ်ပညာရှင်များ အသင်း (MNA) မှအသိပညာနှင့် အရည်အသွေး မြင့်မားရေး ပံ့ပိုးကူညီပေးမည် ဖြစ်ကြောင်း သိရသည်။

''မြန်မာနိုင်ငံမှာရှိတဲ့ သင်္ဘောသားတွေရဲ့ အလုပ်အကိုင် အခွင့်အလမ်းတွေက လျော့နည်းကျဆင်း နေပါတယ်။ ဒါကြောင့် MNA က ပညာရှင်များ အသင်းအနေနဲ့ သင်္ဘောသားတွေရဲ့လိုအပ်ချက်တွေကို ဖြည့်ဆည်း ပေးနိုင်ဖို့ တွေ့ဆုံဆွေးနွေး ပွဲတွေလုပ်ပြီး အကြံဥာဏ်ကောင်းတွေ ရရှိအောင် ဆွေးနွေးဖြစ်တယ်။ မြန်မာနိုင်ငံ ရေကြောင်း ကောလိပ်နဲ့ ရေကြောင်းတက္ကသိုလ်ကျောင်း ဆင်းတွေကို နိုင်ငံတကာ သင်္ဘောလိုင်းတွေ နဲ့ ချိတ်ဆက်နိုင်အောင်  SRPS တွေနဲ့ ချိတ်ပေးနိုင်ရင် သူတို့ရဲ့အလုပ်အကိုင် အခွင့်အလမ်းကောင်းတွေ ရရှိမှာပါ''ဟု မြန်မာနိုင်ငံ ရေကြောင်းအတတ်ပညာရှင် များအသင်း (MNA) ဒုတိယ ဥက္ကဋ္ဌ ကပ္ပတိန်ဆန်းဦး ကပြောသည်။

ထို့ပြင် မြန်မာ သင်္ဘောသားများအား အကူသင်္ဘောသားအနေဖြင့် ဂျပန်သင်္ဘော လိုင်းများက ခေါ်ယူမှုများပြားကြောင်း၊ သင်္ဘောငယ်များအတွက် တောင်ကိုရီးယားနိုင်ငံက ခေါ်ယူမှုများပြားပြီး ကုန်သေတ္တာ တင်သင်္ဘောနှင့် JC သင်္ဘောများအတွက် ဥရောပနိုင်ငံများက ခေါ်ယူမှုများပြားကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment