Pages

Thursday, July 20, 2017

ရေကြီးရေလျှံမှုများနှင့် ရေရှားပါးမှုပြဿနာများ လျော့နည်းလာစေရန် သစ်တောသစ်ပင်များကို စိုက်ပျိုးထိန်းသိမ်းရန်လို



ပခုက္ကူ ၂၀-၇-၂၀၁၇

မိုးဥတုအခါတွင် ရေကြီးရေလျှံမှုများနှင့် နွေဥတုအခါတွင် ရေရှားပါးသည့် ပြဿနာများ လျော့နည်းလာစေရန် သစ်တော သစ်ပင်များကို စိုက်ပျိုးထိန်းသိမ်း ရန်လိုကြောင်း ပခုက္ကူခရိုင် သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးခိုင်က ပြောပြ၍ သိရသည်။

ယခုအခါ မြန်မာနိုင်ငံ နေရာအချို့တွင် ရေကြီးရေလျှံမှုများ ကြုံတွေ့နေရခြင်းနှင့် ၂ဝ၁၅ခုနှစ် နွေဥတုအခါက အယ်နီညိုရာသီ ဥတုအပူရှိန်ကြောင့် ရေရှားပါးမှု ပြဿနာများ ကြုံတွေ့ရခြင်းတို့ဖြင့် ရင်ဆိုင်ခဲ့ကြရသည်။ အဆိုပါဖြစ်စဉ်များ လျော့နည်းစေရန် ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် ဒေသခံပြည်သူများ အနေဖြင့် သစ်တောသစ်ပင်များ စိုက်ပျိုးထိန်းသိမ်းရန် လိုကြောင်း သိရသည်။

''ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဆိုတာ ထိထိရောက်ရောက် ထိန်းသိမ်းဖို့ ခက်ခဲပါတယ်။ သစ်တော သစ်ပင်တွေ လျော့နည်းလာတော့ မိုးတွင်းမှာ မိုးရေကို ခေတ္တစုပ်ယူမယ့် ပစ္စည်းမရှိဘဲ ရွာတဲ့မိုးရေဟာ ချောင်း၊ မြောင်း၊ မြစ်တွေထဲကို အကုန်လုံး ရောက်သွားပါတယ်။

ဒီတော့ ရေကြီးရေလျှံမှု တွေဖြစ်တာပါ။ နွေဥတုရောက်တဲ့ အခါမှာလဲ စုပ်ယူထားတဲ့ရေကို ပြန်ထုတ်ပေးမယ့် သစ်တောသစ်ပင်တွေ မရှိတော့ မြစ်၊ ချောင်းတွေမှာ ရေနည်းပြီး ရေကြောင်းသွားလာ ရေးနဲ့ ရေရှားပါးမှုတွေ ကြုံတွေ့ရတာပါ။ ဒါကြောင့် သစ်တော သစ်ပင်တွေကို ပြည်သူလူထု တစ်ရပ်လုံး စိုက်ပျိုးထိန်းသိမ်းဖို့ လိုပါတယ်''ဟု ၎င်းက ဆက်လက် ပြောပြ၍ သိရသည်။

#Yadanarpondaily

No comments:

Post a Comment