Pages

Thursday, July 20, 2017

ကျောက်ဖြူမြို့ကမ်းခြေကို လူလုပ်ကုန်းမြေ ဖော်ဆောင်ရန် အစိုးရနှင့် စီးပွားရေးလုပ်ငန်းရှင်များ စိတ်ဝင်စားနေသော်လည်း ပြည်သူများသဘောမကျ



ကျောက်ဖြူ ၂၀-၇-၂၀၁၇

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့၊ အမှတ် (၃) ဆိပ်ကမ်းမှ ပြင်ဖြူမော်ကျေးရွာထိ ကမ်းခြေမြေနေရာ များကို လူလုပ်ကုန်းမြေ ဖော်ဆောင်ပြီး အဆောက်အအုံနှင့် စီးပွားရေး လုပ်ငန်းမျိုးစုံ လုပ်ကိုင်ရန် အစိုးရအဖွဲ့နှင့် မြို့ခံစီးပွားရေး လုပ်ငန်းရှင်များက စိတ်ဝင်စားနေသော်လည်း ပြည်သူများက သဘောမကျ ဖြစ်နေကြောင်း သိရသည်။

အဆိုပါ ကမ်းခြေ မြေနေရာများကို ရခိုင်ပြည်နယ် အစိုးရအဖွဲ့၊ လျှပ်စစ်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီးဌာနက မြေယာဖော်ဆောင်ခြင်း လုပ်ငန်းဆောင်ရွက် လိုပါသဖြင့် ပြည်တွင်း၊ပြည်ပ လုပ်ငန်းရှင်များ ရင်းနှီးမြှုပ်နှံမှု စိတ်ဝင်စားမှု တင်ပြလွာ (Expression of Interest-EOI) ကို အစိုးရ ပိုင်သတင်းစာတွင် ဇူလိုင် ၁၂ရက်က ဖော်ပြဖိတ်ခေါ် ခဲ့ကြောင်း သိရသည်။

လျှပ်စစ်၊စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီးဌာန၏ စိတ်ဝင်စားမှုတင်ပြလွှာ ခေါ်ယူမှုတွင် မြေယာဖော်ဆောင်ပြီး ပါကမည်သည့် လုပ်ငန်းစီမံကိန်းများ လုပ်ဆောင်ရမည်ကို ဖော်ပြမထားသော်လည်း မြို့ခံကုမ္ပဏီ လုပ်ငန်းရှင်အချို့က သားငါးဈေးနှင့် လူနေအိမ်ရာ စီမံကိန်းများ ဖော်ဆောင်မည်ဟု သုံးသပ်ပြောဆို နေကြသည်။

ကျောက်ဖြူမြို့ရှိ သန်ပန်ချောင်း၊ မြစ်နားတန်း၊ ပိုက်ဆိပ်နှင့် ပြင်ဖြူမော်ကျေးရွာ တစ်လျှောက်ကမ်းခြေ မြေနေရာမှာ ဧက ၂ဝဝကျော်ရှိပြီး လူလုပ်ကုန်းမြေ တိုးချဲ့ဖော်ဆောင်မည် ဆိုပါက ဧက ၃ဝဝကျော် ၄ဝဝနီးပါးထိ တိုးချဲ့ဖော်ဆောင် နိုင်မည်ဟု ခန့်မှန်းထား သော်လည်း ဒေသခံများက သဘောတူညီမှု မရှိကြောင်း သိရသည်။

ကျောက်ဖြူမြို့ မြောက်ဘက်ပိုင်းရှိ အမှတ် (၃) ဆိပ်ကမ်းမှ ပြင်ဖြူမော်ထိ ကမ်းခြေ မြေနေရာသည် တစ်မိုင်ကျော်ခန့် ရှည်လျားပြီး ရခိုင်ပြည်နယ် လျှပ်စစ်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီးဌာန၏ မြေယာဖော်ဆောင် လိုမှုအပေါ် မြို့ခံများအနေဖြင့် ကန့်ကွက်ရှုတ်ချ နေကြကာ ကမ်းခြေမ ပျောက်ကွယ်ရန် အစွမ်းကုန် ကာကွယ်သွား မည်ဖြစ်ကြောင်း မြို့ခံပြည်သူများက ပြောပြသည်။

#Yadanarpondaily

No comments:

Post a Comment