Pages

Monday, July 3, 2017

တကောင်းနီကယ်စက်ရုံမှ မြန်မာအလုပ်သမားခေါင်းဆောင်များနှင့် လုပ်ငန်းရှင်တွေ့ဆုံမည်



ထီးချိုင့် ၃-၇-၂၀၁၇

တကောင်းနီကယ်စက်ရုံမှ မြန်မာအလုပ်သမား ခေါင်းဆောင်များသည် လုပ်ငန်းရှင်နှင့် တွေ့ဆုံ၍ ညှိနှိုင်းမှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း အဆိုပါ စက်ရုံရှိ အလုပ်သမားခေါင်းဆောင် များထံမှ သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် ထီးချိုင့်မြို့နယ် မောင်းကုန်းကျေးရွာ အနီးတွင်တည်ရှိသော တကောင်းတောင် ဖယ်ရိုနီကယ်စီမံကိန်း သတ္တုတူးဖော်ရေး လုပ်ငန်းမှ မြန်မာအလုပ်သမား ခေါင်းဆောင်များသည် လုပ်ငန်းရှင်နှင့် တွေ့ဆုံညှိနှိုင်းကာ ရှေ့ဆက်လက်တွဲလုပ်ကိုင်ရန် အစီအစဉ်များကို ဆွေးနွေးလိုပါကြောင်း ဇွန် ၃ဝ ရက်က စာတင်၍ အကြောင်းကြား ထားကြောင်း အလုပ်သမားခေါင်းဆောင် ကိုတင်မျိုးထွန်းထံမှ သိရသည်။

''ကျွန်တော်တို့ကတော့ တရားဝင်စာတင်ပြီးတော့ ပြောထားတယ်။ သူတို့ဘက်က အကြောင်းတော့ မပြန်သေးပါဘူး။ စနေ၊ တနင်္ဂနွေခံနေလို့လားတော့ မသိဘူး။ ကျွန်တော်တို့ကလဲ အလုပ်သမားအဖွဲ့အစည်းအဖြစ် တရားဝင်ပုံစံ (၇) ကလဲ ကျပြီဆိုတော့ လုပ်ငန်းရှင်နဲ့ တွေ့ဆုံပြီး ရှေ့ဆက်လက်တွဲပြီး အေးအေးချမ်းချမ်း ဘယ်လို လုပ်ဆောင်ကြမလဲ ဆိုတာကို ဆွေးနွေးမှာပါ။ တွေ့ခွင့်ရရင်တော့ အဓိကအနေနဲ့ အလုပ်သမားတွေ အတွက်လူမှုဖူလုံရေး ခံစားခွင့်ရရှိ အောင်လုပ်ဖို့အတွက် ပြောသွားမယ်။ နောက်ကျွန်တော်တို့ အလုပ်သမားအဖွဲ့အစည်းအတွက် ရုံးခန်းနေရာတစ်ခုကိုလဲ တောင်းသွားမယ် ဒီလောက်ပါပဲ''ဟု ၎င်းကဆက်လက် ပြောပြသည်။

အဆိုပါ တကောင်းနီကယ်စက်ရုံမှ မြန်မာအလုပ်သမားများ အနေဖြင့် လုပ်ခလစာတိုးမြှင့်ရရှိရေး၊ အလုပ်သမားအခွင့်အရေးများ အပြည့်အဝရရှိရေးနှင့် အလုပ်ထုတ်ခံထားရသည့် အလုပ်သမားခေါင်းဆောင်များကို အလုပ်ပြန်လည်ခန့်အပ်ရေးတို့ကို တောင်းဆိုထားကာ ဆန္ဒဖော်ထုတ်မှုများလည်း သုံးကြိမ်ခန့်ထိပြုလုပ် ထားကြောင်း သိရသည်။

#Yadanarpondaily

No comments:

Post a Comment