Pages

Friday, June 30, 2017

လောင်းလုံမြို့နယ်၊ စမ်းလှမ်းကျေးရွာ၌ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများဆောင်ရွက်၊ တပ်မတော်ပို့ဆောင်ရေး Y-8 လေယာဉ်အား ကူညီကယ်ဆယ် ရှာဖွေခဲ့ကြသည့် ဒေသခံပြည်သူများအား စားသောက်ဖွယ်ရာများ ပေးအပ်


ကမ်းရိုးတန်းဒေသ တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ်လင်းအောင် နယ်လှည့်ဆေးကုသရေးအဖွဲ့က ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးနေမှုကို ကြည့်ရှုအားပေးစဉ်။

ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ်လင်းအောင် တပ်မတော်ပို့ဆောင်ရေး Y-8 လေယာဉ်ပျက်ကျမှုတွင် ကူညီကယ်ဆယ်ရှာဖွေခြဲ့ကသည့် ဒေသခံပြည်သူများ နှင့်လူမှုရေးအသင်း အဖွဲ့များအတွက် စားသောက်ဖွယ်ရာများ ပေးအပ်စဉ်။

နေပြည်တော် ၃၀-၆-၂၀၁၇

တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံမြို့နယ်၊ စမ်းလှမ်းကျေးရွာရှိ ဒေသခံပြည်သူများအား ယနေ့နံနက်ပိုင်းတွင် ကမ်းရိုးတန်းဒေသ တိုင်းစစ်ဌာနချုပ် နယ်လှည့်ဆေးကုသရေးအဖွဲ့က အဆိုပါကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးသည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် ခွဲစိတ်ကုသမှု ဆိုင်ရာရောဂါ၊ ကလေးရောဂါ၊ အရိုး/အကြောရောဂါ၊ သားဖွား/မီးယပ်ရောဂါနှင့် အထွေထွေရောဂါဝေဒနာရှင် ဒေသခံပြည်သူစုစုပေါင်း ၁၀၅ ဦးတို့ကို လိုအပ်သည့်ဆေးဝါး ကုသမှုများနှင့် ရောဂါရှာဖွေစမ်းသပ် ကုသပေးခြင်းများ ဆောင်ရွက်ပေးသည်။

ယင်းသို့ဆောင်ရွက် ပေးနေမှုများကို တိုင်းမှူးဗိုလ်မှူးချုပ် လင်းအောင်နှင့် အဖွဲ့ဝင်များက သွားရောက်ကြည့်ရှု အားပေးသည်။ ထို့နောက်တိုင်းမှူးနှင့် အဖွဲ့ဝင်များသည် တပ်မတော်ပို့ဆောင်ရေး Y-8 လေယာဉ်ပျက်ကျမှုတွင် ကူညီကယ်ဆယ် ရှာဖွေခဲ့ကြသည့် စမ်းလှမ်းကျေးရွာရှိ ဒေသခံပြည်သူများနှင့် လူမှုရေးအသင်းအဖွဲ့များအား တွေ့ဆုံ၍ ကျေးဇူးတင်စကား ပြောကြားပြီး စားသောက်ဖွယ်ရာများ ပေးအပ်သည်။

ဆက်လက်၍ ညောပြင်ကျေးရွာသို့သွားရောက်၍ ဒေသခံပြည်သူများနှင့် လူမှုရေးအသင်း အဖွဲ့များအားတွေ့ဆုံကာ တပ်မတော်ပို့ဆောင်ရေး Y-8 လေယာဉ်အား ကူညီကယ်ဆယ်ရှာဖွေမှု တို့အတွက် ကျေးဇူးတင်စကား ပြောကြားပြီး ဒေသခံပြည်သူများ၊ လူမှုရေး အသင်းအဖွဲ့များနှင့် တပ်မတော် (ရေ) မှ တပ်မတော်သားများအတွက် စားသောက်ဖွယ်ရာများ ပေးအပ်သည်။

ထို့ပြင် ယနေ့နံနက်ပိုင်းတွင်လည်း တိုင်းမှူးနှင့် အဖွဲ့ဝင်များသည် ထားဝယ်မြို့နယ်၊ ဗဲ့မဲ့တတ်တောင် ဘုန်းတော်ကြီးကျောင်းနှင့် လောင်းလုံမြို့နယ်၊ နာခံတောဘုန်းတော်ကြီးကျောင်း များသို့သွားရောက်၍ ကျောင်းထိုင် ဆရာတော်များအား ဖူးမြော်ကာ ၀ါဆိုသင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment