Pages

Thursday, June 8, 2017

တိုင်းရင်းဆေးထုတ်လုပ်မှုနှင့် မှောင်ခိုရောင်းဝယ်မှုများသည် မြန်မာ့တောဆင်ရိုင်းများ၏ အနာဂတ်ကို ကြီးမားစွာခြိမ်းခြောက်လျက်ရှိ



ရန်ကုန် ၈-၆-၂၀၁၇

တိုင်းရင်းဆေး ထုတ်လုပ်ရာတွင် အသုံးပြုမှု၊ အိမ်နီးချင်းနိုင်ငံတချို့၏ ဈေးကွက်နှင့် မှောင်ခိုရောင်းဝယ်မှု များသည် မြန်မာ့တောဆင်ရိုင်းများ ၏အနာဂတ်ကို ကြီးမားစွာ ခြိမ်းခြောက်လျက်ရှိကြောင်း ကမ္ဘာ့တောရိုင်း
တိရစ္ဆာန်ထိန်းသိမ်း စောင့်ရှောက်ရေး အဖွဲ့(WWF) က ထုတ်ပြန်ခဲ့ကြောင်း သိရသည်။

မြန်မာ့တောဆင်ရိုင်းများ သတ်ဖြတ်ခံရမှုသည် ယခုနှစ်အတွင်း အကောင်ရေ ၂ဝ အထိရှိ၍ အရေအတွက်အားဖြင့် စံချိန်တင်မြင့်မားလာကာ စိုးရိမ်ဖွယ်အခြေအနေနှင့် ရင်ဆိုင်နေရကြောင်း၊ ယခုကဲ့သို့ အမဲလိုက်ခံနေရမည်ဆိုပါက လာမည့်နှစ် အနည်းငယ်အတွင်း တောဆင်ရိုင်းအ ရေအတွက် လျော့ကျလာမည်ဖြစ် ကြောင်း WWF က သတိပေးထားသည်။ ၂ဝ၁၇ ခုနှစ်အတွင်း WWF အဖွဲ့မှ စောင့်ကြည့်သူများသည် ပဲခူးရိုးမနှင့် ဧရာဝတီမြစ်ဝကျွန်း ပေါ်ဒေသတို့၌ အရေခွံ ခွာယူထားသည့် ဆင်သေကောင် ၂ဝ ကို တွေ့ရှိခဲ့ပြီးယင်း အရေအတွက်မှာ ယခင်ကတစ်နှစ်လုံး၌ သတ်ဖြတ်ခံရသည့် အရေအတွက်ထက် ပိုမိုမြင့်မားလျက်ရှိသည်။

ဆင်အရေခွံများသည် ဆေးဝါးများ ထုတ်လုပ်ရာတွင် အစွမ်းထက်၍ အသုံးတည့်သည်ဟု ယူဆနေခြင်းကြောင့် ဝယ်လိုအား မြင့်တက်လာခြင်းဖြစ်ပြီး ဆင်မများနှင့် ဆင်သားပေါက်များ သေဆုံးခြင်းကြောင့် ဆင်အုပ်စုအတွင်းသဘာဝအချိုးအဆ ပျက်စီးနိုင်၍ သဘာဝတောဆင်ရိုင်းများ မျိုးဆက်ပြဿနာကြီးမား စေမည်ဖြစ်ကြောင်း သိရသည်။

အရှေ့တောင်အာရှ၌ ထိုင်းနိုင်ငံပြီးလျှင် မြန်မာနိုင်ငံသည် ဆင်အကောင်ရေဒုတိယ အများဆုံးရှိသည့် နိုင်ငံဖြစ်ပြီး ဆင်အကောင်ရေ ၁၄ဝဝ မှ ၂ဝဝဝ ခန့် ကျက်စားနေထိုင် ကြောင်းသိရသည်။

#Themyawadydaily

No comments:

Post a Comment