Pages

Tuesday, June 27, 2017

ရွှေစည်းခုံ (ကောင်းမှုလျှံ) ပြည်ငြိမ်းအေးစေတီတော်မြတ်ကြီး တည်ဆောက်နေမှုနှင့် စစ်မှုထမ်းဟောင်းအိမ်ရာ ဆောက်လုပ်နေမှုတို့အား သွားရောက်ကြည့်ရှု


ရွှေစည်းခုံ (ကောင်းမှုလျှံ) ပြည်ငြိမ်းအေး စေတီတော်မြတ်ကြီး တည်ဆောက်နေမှုကို အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ်သန်းလှိုင် ကြည့်ရှုစစ်ဆေးစဉ်။

နေပြည်တော် ၂၇-၆-၂၀၁၇

အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် တပ်မတော်သားမိသားစုများနှင့် အလှူရှင်များ၏လှူဒါန်းမှုဖြင့် ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ခိုလမ်မြို့၊ ခိုလမ်-ကျိုင်းတောင်း ကားလမ်းမအနောက်ဘက်၌ တည်ထားကိုးကွယ်မည့် ရွှေစည်းခုံ (ကောင်းမှုလျှံ) ပြည်ငြိမ်းအေး စေတီတော်မြတ်ကြီးအား နယ်မြေခံတပ်မတော်သားများ နှင့်မိသားစုများ၊ ဒေသခံပြည်သူများက စေတီတော်တည်ဆောက်ရေး လုပ်ငန်းများနှင့် ပတ်ဝန်းကျင် သာယာလှပရေးတို့ ဆောင်ရွက်လျက် ရှိရာ ယနေ့နံနက်ပိုင်းတွင် တိုင်းမှူးဗိုလ်ချုပ် သန်းလှိုင်နှင့် အဖွဲ့ဝင်များက သွားရောက်ကြည့်ရှု၍ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက် ပေးသည်။

အဆိုပါစေတီတော် မြတ်ကြီးကို မေ ၁၀ ရက်မှစတင်၍ တည်ဆောက်လျက်ရှိရာ ယနေ့အထိ ၂၅ ရာခိုင်နှုန်းပြီး စီးပြီဖြစ်ကြောင်း သိရှိရသည်။

ထို့နောက် တိုင်းမှူးနှင့် အဖွဲ့ဝင်များသည် ခိုလမ်မြို့ရှိ စစ်မှုထမ်းဟောင်းအိမ်ရာ ဆောက်လုပ်နေမှု အခြေအနေများကို သွားရောက်ကြည့်ရှု စစ်ဆေးပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက် ပေးခဲ့ကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment