Pages

Tuesday, June 27, 2017

တပ်မတော်ကိုချစ်မြတ်နိုးကြသည့် ရဟန်းရှင်လူပြည်သူများ ဆန္ဒထုတ်ဖော်


တပ်မတော်ကိုချစ်မြတ်နိုးကြသည့် ရဟန်းရှင်လူပြည်သူများစုပေါင်းပြုလုပ်သော
 ဆန္ဒထုတ်ဖော်ပွဲကိုတွေ့ရစဉ်။

ရန်ကုန် ၂၇-၆-၂၀၁၇ 

မြန်မာ့တပ်မတော်ကို ချစ်မြတ်နိုးကြသည့် ရဟန်းရှင်လူပြည်သူများ စုပေါင်းပြုလုပ်သည့် ဆန္ဒထုတ်ဖော်ပွဲကို ယနေ့ညနေပိုင်းတွင် ရန်ကုန်မြို့၊ ကျောက်တံတားမြို့နယ်၊ ဆူးလေဘုရားအနီးရှိ မြို့တော်ခန်းမရှေ့၌ ကျင်းပ ပြုလုပ်သည်။

အဆိုပါ ဆန္ဒထုတ်ဖော် သူများသည် “မြန်မာ့တပ်မတော်ပေါ် မဟုတ်မမှန်ရေးသား၊ ပြောဆိုခြင်းများ ချက်ချင်းရပ်”၊ “ပြည်သူနှင့်တပ်မတော်သွေးခွဲမှုများ ချက်ချင်းရပ်” ၊ “ကလောင်လက်နက်ဖြင့် မြန်မာ့တပ်မတော်အား အကျည်း မတန်ပါစေနှင့်” ၊ “ကျင့်ဝတ်သိက္ခာများကို လေးစားလိုက်နာပါ” စသည့်ပိုစတာဗီနိုင်းများ ချိတ်ဆွဲထားကြပြီး အခမ်းအနားစတင်သည်နှင့် အခမ်းအနားတက်ရောက် ကြသူများက နိုင်ငံတော်အလံအား အလေးပြုခြင်း၊ ကျဆုံးလေပြီး သော တပ်မတော်သားများနှင့် ဇွန် ၇ ရက်တွင်ပျက်ကျခဲ့သည့် Y-8 လေယာဉ်တွင် ပါဝင်ကြသူများအတွက် ၀မ်းနည်းခြင်း အထိမ်းအမှတ်နှစ်မိနစ် ငြိမ်သက်ခြင်းများ ပြုလုပ်ကြသည်။ ထို့နောက် စာရေးဆရာ အမတ်ဒိန်၊တေးသံရှင် လီလီနိုင်ကျော်နှင့် ဆရာကျော်သူငြိမ်းတို့က ဆန္ဒထုတ်ဖော်သည့် ဟောပြောခြင်းများ ဆောင်ရွက် ခဲ့ကြသည်။

အဆိုပါ ဆန္ဒဖော်ထုတ်ပွဲကို “အများပြည်သူမှ တပ်မတော်အပေါ် အထင်အမြင်လွဲမှားမှုများ ကင်းဝေးစေရန်” ရည်ရွယ်ချက်ဖြင့် ငြိမ်းချမ်းစွာ စုဝေးဆန္ဒဖော်ထုတ် ခဲ့ခြင်းဖြစ်ကြောင်း သိရှိရပြီး “ကျွန်တော်တို့က တပ်မတော်နဲ့ရော၊ မီဒီယာနဲ့ရော၊ ပြည်သူနဲ့ရော အားလုံးက နွေးနွေးထွေးထွေးနဲ့ ဖြစ်စေချင်တဲ့ဆန္ဒ ကျွန်တော်တို့မှာရှိတယ်၊ ဘာလို့လည်းဆိုတော့ မီဒီယာဘက်ကိုလည်း တိမ်းစောင်းပြီး မပြောချင်ဘူး၊ တပ်မတော်ဘက်ကိုလည်း တိမ်းစောင်းမပြော ချင်ဘူး၊ ကျွန်တော်တို့ ပြည်သူအနေနဲ့ သတင်းမှန်တစ်ခုကို တိတိကျကျ လေးဖြစ်အောင်လို့ မီဒီယာဘက်ကလိုသလို တပ်မတော်ဘက်ကလည်း ပွင့်လင်းမြင်သာစွာ လုပ်ဖို့ကိုလည်း ကျွန်တော်တို့က တိုက်တွန်းသွားမှာပါ”ဟုဆန္ဒ ထုတ်ဖော်ပွဲ အခမ်းအနား ဖြစ်မြောက်ရေး ဆောင်ရွက်သည့် ကိုရဲစိုးအောင်(လှိုင်လူငယ်)ကပြောသည်။

မြန်မာ့တပ်မတော်ကို ချစ်မြတ်နိုးသူများ၏ အဆိုပါဆန္ဒထုတ်ဖော်ပွဲသို့ လူအင်အား ၃၀၀ ခန့်ပါဝင် ပြုလုပ်မည်ဟု သက်ဆိုင်ရာသို့ ကြိုတင်တင်ပြထားသော်လည်း အခမ်းအနား ကျင်းပနေစဉ်အတွင်း တပ်မတော်ကိုချစ်မြတ်နိုးကြ သည့် ရဟန်းရှင်လူ၊ ခရီးသွားပြည်သူများပါ ၀န်းရံဆင်နွှဲခဲ့ကြသဖြင့် အင်အားတစ်ထောင်ခန့် ရှိခဲ့ကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment