Pages

Wednesday, June 7, 2017

ရှမ်းပြည်နယ်လုံးဆိုင်ရာ ဝိနယာဒိနုဂ္ဂဟ စာပြန်ပွဲတော်ကြီးအတွက် အလှူငွေနှင့်လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်း


ဆရာတော်အားအရှေ့ပိုင်း တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ဝင်းမင်းထွန်းဆန်၊ ဆီနှင့်
 အလှူငွေများဆက်ကပ်လှူဒါန်းစဉ်။

နေပြည်တော် ၇-၆-၂၀၁၇

ရှမ်းပြည်နယ်လုံးဆိုင်ရာ ဝိနယာဒိနုဂ္ဂဟ စာပြန်ပွဲတော်ကြီးအတွက် အလှူငွေနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခြင်းကို ယနေ့နံနက်ပိုင်းတွင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ညောင်ရွှေမြို့ရှိ သဒ္ဓမ္မဌိတိခဏ္ဍသိမ်တော်၌ပြုလုပ်ရာ ရှမ်းပြည်နယ်လုံးဆိုင်ရာအဖွဲ့တော်ဥက္ကဋ္ဌ ဆရာတော် နိုင်ငံတော်သြဝါဒါစရိယ အဂ္ဂမဟာပဏ္ဍိတ အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တဝေပုဏ္လတိဝံသ အမှူးပြုသော သံဃာတော်များ ကြွရောက်တော်မူကြပြီး အရှေ့ပိုင်း တိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ်ဝင်းမင်းထွန်းနှင့် တပ်မတော်အရာရှိ ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ဒေသခံပြည်သူများ တက်ရောက်ကြသည်။

ဦးစွာ တိုင်းမှူးနှင့်တက်ရောက် လာကြသူများက သံဃာတော်များအား ပြည်နယ်အစိုးရနှင့် တိုင်းစစ်ဌာနချုပ် တို့မှလှူဒါန်းသော ဆန် ၁၆ အိတ်၊ ဆီ ၂ဝ ပိဿာ၊ အလှူငွေများနှင့် နေ့ဆွမ်းတို့ကို ဆက်ကပ်လှူဒါန်း ကြသည်။

ထို့နောက် ရှမ်းပြည်နယ်လုံးဆိုင်ရာ ဝိနယာဒိနုဂ္ဂဟစာ လျှောက်စာမေးပွဲတော်ကြီး ထီးဖြူတော်ဖွင့်/မိုးပူဇော်ခြင်းကို ဆက်လက်ပြုလုပ်ရာ သံဃာတော်များနှင့် ထီးဖြူတော် ဖွင့်/မိုးပူဇော်ကြမည့် တိုင်းမှူးနှင့် တက်ရောက် လာကြသူများက သတ်မှတ်နေရာ အသီးသီးမှ ဇေယျသိဒ္ဓိမင်္ဂလာ အခါတော်ကြား လျှောက်ထားလွှာ ဖတ်ကြားခြင်း၊ ထီးဖြူတော်ဖွင့်/မိုးခြင်း၊ ဝိနယာဒိနုဂ္ဂဟစာပြန်ပွဲတော် ကြီးမေးခွန်း သေတ္တာဆက်ကပ် လှူဒါန်းခြင်းနှင့် စာမေးပွဲ
ဖြေဆိုကြမည့် သံဃာတော်များ လိုက်နာရန် စည်းကမ်းချက်များ ရှင်းလင်းလျှောက်ထား ခြင်းတို့ကို ဆောင်ရွက်ကြသည်။

အဆိုပါစာပြန်ပွဲတော်ကြီးအား နှစ်စဉ်ကျင်းပပြုလုပ် ခြင်းဖြစ်ပြီး ယနေ့ပြုလုပ်သည့် (၈၃) ကြိမ်မြောက် စာလျှောက်/စာမေးပွဲ တော်ကြီးနှင့် (၈၆) ကြိမ်မြောက် အာဂုံစာပြန် ပွဲတော်ကြီးကို ဇွန် ၁၄ ရက်အထိ ပြုလုပ်သွား မည်ဖြစ်ရာ သံဃာတော် ၂၈၁၆ ပါးဝင်ရောက် ဖြေဆိုသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

ဆရာတော်အားအရှေ့ပိုင်း တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ဝင်းမင်းထွန်းဆန်၊ ဆီနှင့် အလှူငွေများဆက်ကပ်လှူဒါန်းစဉ်။

#Themyawadydaily

No comments:

Post a Comment