Pages

Wednesday, June 7, 2017

မြန်မာအမျိုးသား လေကြောင်းလိုင်းမှ ရန်ကုန်မြို့နှင့်တရုတ်နိုင်ငံ ချန်ဒူးမြို့သို့ ပျံသန်းမည့်ခရီးစဉ်သစ် ယခုနှစ်ဒီဇင်ဘာလအတွင်း စတင်ပျံသန်းမည်



ရန်ကုန် ၇-၆-၂၀၁၇

မြန်မာအမျိုးသား လေကြောင်းလိုင်း (MNA)သည် ရန်ကုန်မြို့နှင့် တရုတ်နိုင်ငံချန်ဒူးမြို့သို့ပျံသန်းမည့် ခရီးစဉ်သစ်ကို ယခုနှစ်ဒီဇင်ဘာလအတွင်း စတင်မည်ဖြစ်ကြောင်း မြန်မာအမျိုးသား လေကြောင်းလိုင်း တာဝန်ရှိသူတစ် ဦးထံမှ သိရသည်။

ထို့ပြင်မြန်မာအမျိုးသား လေကြောင်းလိုင်း အနေဖြင့် မန္တလေး-ကူမင်းခရီးစဉ်ကို ဒီဇင်ဘာလအတွင်း ပျံသန်းမည် ဖြစ်ပြီးလက်ရှိတွင် တစ်ပတ်လျှင် ငါးရက်ပျံသန်းလျက် ရှိသည့် ဗုဒ္ဓဂယာခရီးစဉ် ကိုစက်တင်ဘာလတွင် ခုနစ်ရက် စလုံးပျံသန်းနိုင်ရန် စီစဉ်ဆောင်ရွက်လျက် ရှိကြောင်းသိရသည်။

မြန်မာအမျိုးသား လေကြောင်းလိုင်းသည် ဘိုးရင်းလေယာဉ် လေးစင်းဖြင့် ပြည်တွင်းနှင့် နိုင်ငံတကာခရီးစဉ် များကိုပျံသန်းလျက် ရှိသည့်အပြင် လေယာဉ်သစ် များကိုလည်းမှာယူ ထားကာ ယင်းလေယာဉ် သစ်များရောက် ရှိလာပါက ခရီးစဉ်သစ်များနှင့် ညပိုင်းခရီးစဉ် များကိုပါ တိုးချဲ့ပျံသန်းမည်ဖြစ်ကြောင်း သိရသည်။

မြန်မာအမျိုးသား လေကြောင်းလိုင်းကို ၁၉၄၈ ခုနှစ်က မြန်မာနိုင်ငံလေကြောင်း သယ်ယူပို့ဆောင်ရေး (MNA) အဖြစ် စတင်ပျံသန်းပြီး ၂ဝ၁၄ ခုနှစ် ဒီဇင် ဘာလတွင် ဖွဲ့စည်းပုံပြောင်းလဲခဲ့ကာ လက်ရှိတွင်ပြည်တွင်း ခရီးစဉ် ၂၈ ခုနှင့်နိုင်ငံတကာခရီးစဉ် အဖြစ်စင်ကာပူ၊ ဟောင်ကောင်၊ ဗန်ကောက်နှင့် ချင်းမိုင်မြို့တို့သို့ ပျံသန်းလျက် ရှိကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment