Pages

Tuesday, June 6, 2017

ကာကွယ်ရေးဦးစီးချုပ် (လေ) တံခွန်စိုက်ဒိုင်း ပိုက်ကျော်ခြင်းနှင့် ရိုးရာဝိုင်းဖွဲ့ခြင်းလုံးခတ် ပြိုင်ပွဲဖွင့်ပွဲပြုလုပ်


ကာကွယ်ရေးဦးစီးချုပ်(လေ) တံခွန်စိုက်ဒိုင်း ပိုက်ကျော်ခြင်းပြိုင်ပွဲ ယှဉ်ပြိုင်ကစားစဉ်။

နေပြည်တော် ၆-၆-၂၀၁၇

၂ဝ၁၇ ခုနှစ်၊ ကာကွယ်ရေးဦးစီးချုပ် (လေ) တံခွန်စိုက်ဒိုင်း ပိုက်ကျော်ခြင်းပြိုင်ပွဲနှင့် ရိုးရာဝိုင်းဖွဲ့ခြင်းလုံးခတ် ပြိုင်ပွဲဖွင့်ပွဲကို ယနေ့ နံနက်ပိုင်းတွင် မင်္ဂလာဒုံလေတပ်စခန်း ဌာနချုပ်ရှိ အားကစားခန်းမ၌ပြုလုပ်ရာ တပ်မတော်(လေ)မှအရာရှိ၊ စစ်သည်၊ မိသားစုများ၊ မြန်မာနိုင်ငံခြင်းလုံး အဖွဲ့ချုပ်မှတာဝန်ရှိသူများ၊ ဒိုင်အဖွဲ့ဝင်များ၊ ပြိုင်ပွဲဝင်အားကစား သမားများနှင့် အားကစားဝါသနာရှင်များ တက်ရောက်ကြသည်။

ဦးစွာ ကာကွယ်ရေးဦးစီးချုပ် (လေ) ကိုယ်စား မင်္ဂလာဒုံလေတပ်စခန်း ဌာနချုပ်မှ လေတပ်စခန်းဌာနချုပ်မှူးက အဖွင့်အမှာစကား ပြောကြားပြီး တက်ရောက်လာကြသူများ နှင့်အတူ မြန်မာနိုင်ငံ ခြင်းလုံးအဖွဲ့ချုပ်မှ လက်ရွေးစင် အားကစားသမား များ၏ခြင်းလုံး အလှပြကစားမှုနှင့် ပြိုင်ပွဲယှဉ်ပြိုင် ကစားနေမှုများကို ကြည့်ရှုအားပေးကြသည်။

အဆိုပါပိုက်ကျော်ခြင်း ပြိုင်ပွဲနှင့် ရိုးရာဝိုင်းဖွဲ့ခြင်းလုံးခတ် ပြိုင်ပွဲကို ပြိုင်ပွဲဝင်အသင်း ၁ဝ သင်းဖြင့် ဇွန် ၉ ရက်အထိ ပြုလုပ်သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment