Pages

Tuesday, June 6, 2017

ကျောင်းဖွင့်ရာသီ ရောက်လာသဖြင့် လားရှိုးဆိုင်ကယ်ဈေးကွက်တွင် ပုံမှန်အရောင်းအဝယ်ဖြစ်လာ



လားရှိုး ၆-၆-၂၀၁၇

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ လားရှိုးတွင် ကျောင်းဖွင့်ရာသီ ရောက်လာသဖြင့် ဆိုင်ကယ်ဈေးကွက် ပုံမှန်အရောင်းအဝယ် ဖြစ်လာကြောင်း ဆိုင်ကယ် အရောင်းဆိုင်များမှ သိရသည်။

ကျောင်းပိတ်ချိန်များတွင် အရောင်းအဝယ်နည်း ခဲ့သည့်ဆိုင်ကယ် ဈေးကွက်မှာကျောင်းများ စတင်ဖွင့်လှစ်ချိန် ဇွန်လတွင် ပုံမှန်အတိုင်း အရောင်းအဝယ် ဖြစ်လာကြောင်း ဆိုင်ကယ်ဝယ်ရောင်း လုပ်ကိုင်သူ တစ်ဦးက ပြောပြသည်။

၂ဝ၁၆ ကျောင်းဖွင့်ရာသီ မရောက်မီက ဆိုင်ကယ်များကို အခြားကျေးရွာများ၊ လားရှိုးဒေသခံ ကျောင်းသား၊ ကျောင်းသူများက ဝယ်ယူမှုများရှိခဲ့သော်လည်း ယခုနှစ်တွင် ကျောင်းကားအရေအတွက် များလာခြင်း၊အိမ်စီးကားများ လာခြင်းတို့ကြောင့် ဆိုင်ကယ်အရောင်းဈေးကွက် အေးနေခြင်းဖြစ်ကြောင်း ဆိုင်ကယ်အရောင်းဆိုင်များမှ သိရသည်။

''ဒီနှစ်မှာက လိုင်စင်မဲ့ကားတွေ ပေါလာတယ်။ ခွေးဘီလူးကားတွေနဲ့ ကျောင်းကား ပြေးဆွဲတဲ့သူတွေ များလာလို့ ဆိုင်ကယ်ကိုဝယ်ယူသူ နည်းသွားတာလို့ ထင်ပါတယ်။ ပြီးတော့ မိဘတိုင်းက ဆိုင်ကယ်ရဲ့အန္တရာယ် တွေကိုသိပြီး မစီးခိုင်းလို့လဲပါ မယ်ထင်ပါတယ်''ဟု ကျောင်းကားဆွဲနေသူ တစ်ဦးက ပြောပြသည်။

ဆိုင်ကယ်ပွဲစားတန်းတွင် အနိမ့်ဆုံးငွေကျပ် သုံးသိန်းခန့်မှ ၁၁သိန်းခွဲခန့်ရှိဆိုင်ကယ်များ ပုံမှန်အရောင်းအဝယ် ဖြစ်လာပြီး ၂ဝ၁၆ ကျောင်းဖွင့်ရာသီက တစ်ရက်လျှင် ဆိုင်ကယ်ငါးစီးခန့် ရောင်းနေရသော်လည်း ၂ဝ၁၇ ကျောင်းဖွင့်ရာသီတွင် တစ်ရက်လျှင် နှစ်စီးနှုန်းခန့်သာ ရောင်းချနေရကြောင်း သိရသည်။

#Yadanarpondaily

No comments:

Post a Comment