Pages

Wednesday, May 3, 2017

ပုသိမ်ထီးများ ပြည်ပဈေးကွက်သို့ ထိုးဖောက်



ပုသိမ် ၃-၅-၂၀၁၇

မြန်မာ့လက်မှု ထုတ်ကုန်ပစ္စည်း ဖြစ်သည့် ပုသိမ်ထီး လုပ်ငန်းသည် ယခုအခါ ပြည်တွင်း ဈေးကွက်၌သာမက ပြည်ပဈေးကွက် များ၌လည်း ကျယ်ပြန့်လာကြောင်း ပုသိမ်ထီးလုပ်ငန်း လုပ်ကိုင်သူများထံမှ သိရသည်။

ပုသိမ်ထီးကို ဧရာဝတီတိုင်း ဒေသကြီး ပုသိမ်မြို့ဈေးကွက်မှ ပြည်တွင်း ပြည်ပ ဈေးကွက်များသို့ တင်ပို့ရောင်းချ နေခြင်းဖြစ်သည်။ ပုသိမ်ထီးမှာ အလှအပကို ဦးစားပေး ပြုလုပ်ထားသည့် မြန်မာ့ရိုးရာ လက်မှုထုတ်ကုန် ပစ္စည်းဖြစ်သည်။

ယခုအခါ ပွင့်လင်းရာသီသို့ ရောက်ရှိလာ ပြီဖြစ်သဖြင့် ပုသိမ်ထီးဈေးကွက်မှာ ပိုမိုအရောင်းအဝယ် သွက်လာကြောင်း သိရသည်။ ပုသိမ်ထီးကို အမျိုးသမီးအများစုက အလှူမင်္ဂလာ၊ ပွဲလမ်းသဘင်များ၌ ဖက်ရှင် တစ်ခုအနေဖြင့် ဆောင်းလေ့ရှိပြီး ဟိုတယ်များ၊ တည်းခိုခန်းများတွင် အလှဆင်ပစ္စည်းများ အဖြစ်ထားရှိကာ နိုင်ငံခြားခရီးသွားဧည့်သည်များက မြန်မာပြည်ပြန် လက်ဆောင်အဖြစ် ဝယ်ယူလေ့ရှိကြသည်။

လက်ရှိတွင် ချောင်းသာနှင့် ငွေဆောင်ကမ်းခြေသို့ အပန်းဖြေလာရောက်လည် ပတ်ကြသည့် နိုင်ငံခြားခရီးသွား ဧည့်သည်များက ပုသိမ်ထီးကို ဝယ်ယူလျက်ရှိသကဲ့သို့ ရှင်ပြုမင်္ဂလာပွဲများ၊ ဖျော်ဖြေရေးအခမ်းအနား
များတွင် လက်ဆောင်အဖြစ် ပြန်လည်ပေးအပ်ရန် မှာယူမှုများ လည်းရှိသည်။

ထို့ပြင် ခရီးသွားကုမ္ပဏီများ၏ ကုမ္ပဏီLogo တံဆိပ်များဖြင့် အော်ဒါမှာယူမှုများကို ပြုလုပ်ပေးနေရပြီး စားသောက်ဆိုင်များ နှင့် ဟိုတယ်များ၌ ပုသိမ်ထီးများနှင့် အလှဆင်ရန် မှာယူမှုများရှိနေသဖြင့် ပုသိမ်ထီး
လုပ်ငန်းမှာ ဈေးကွက်သွက်လက် လှုပ်ရှားနေကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment