Pages

Wednesday, May 3, 2017

ယခုနှစ် နှစ်ဆန်းပိုင်းအတွင်း နိုင်ငံခြားခရီးသွားဧည့်သည် ဝင်ရောက်မှု ယခင်နှစ်ထက် ၂၂ ရာခိုင်နှုန်းတိုးလာ



ရန်ကုန် ၃-၅-၂၀၁၇

ယခုနှစ် နှစ်ဆန်းပိုင်း အတွင်းအပြည်ပြည်ဆိုင်ရာ ဝင်ပေါက်များမှ ခရီးသွားဗီဇာဖြင့် မြန်မာနိုင်ငံသို့ ဝင်ရောက်လာသည့် နိုင်ငံခြားခရီးသွား ဧည့်သည်အရေ အတွက် တိုးတက်လာပြီး ယခင်နှစ်ကာလ တူထက် ၂၂ ရာခိုင်နှုန်း တိုးလာကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန ဟိုတယ်နှင့်ခရီးသွား လုပ်ငန်းညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။

၂ဝ၁၆ ခုနှစ် ဇန်နဝါရီနှင့် ဖေဖော်ဝါရီ နှစ်လအတွင်း နိုင်ငံခြားခရီး သွားဧည့်သည် ငါးသိန်းကျော် သာဝင်ရောက် ခဲ့သော်လည်း ယခုနှစ်တွင် ခြောက်သိန်း ကျော်ဝင်ရောက် ခဲ့ကြောင်း၊ မြန်မာနိုင်ငံဒေသအသီးသီး၌ ခရီးသွားဒေသသစ်များ ဖော်ဆောင်နိုင်ခဲ့ သည့်အတွက် ယခုကဲ့သို့ ခရီးသွားအရေအတွက် တိုးတက်လာ ခြင်းဖြစ်ကြောင်း သိရသည်။

''ဒီလိုခရီးသွား ဝင်ရောက်မှု တိုးတက်လာ တာကတော့ ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနနဲ့ ဆက်စပ်တဲ့ ဝန်ကြီးဌာန အောက်က အသင်းအဖွဲ့တွေရဲ့ပူးပေါင်း ဆောင်ရွက်မှု ကြောင့်ပါ။ ဒါ့ပြင် မြန်မာနိုင်ငံ
ဒေသအသီးသီးမှာ ခရီးသွားဒေသ သစ်တွေ ဖော်ဆောင် နိုင်ခဲ့လို့ ခရီးသွားအရေအတွက် တိုးလာတာဖြစ်နိုင်ပါတယ်'' ဟုဟိုတယ်နှင့် ခရီးသွားလုပ်ငန်း ညွှန်ကြားမှု ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ယခင်နှစ်များက မြန်မာနိုင်ငံသို့ နိုင်ငံခြား ခရီးသွား ဧည့်သည်များ ဝင်ရောက်မှု စာရင်းကို နယ်စပ်မှတစ်ဆင့် ခေတ္တဝင်ရောက်သော နိုင်ငံခြားခရီးသွား ဧည့်သည်အရေ အတွက်ကိုပါ ထည့်သွင်း ရေတွက်ခဲ့ပြီး
၂ဝ၁၆ ခုနှစ်မှစ၍ နိုင်ငံတကာ ဝင်ပေါက်များ မှတစ်ဆင့် ခရီးသွားဗီဇာဖြင့် ဝင်ရောက်သူ များကိုသာ ပြောင်းလဲရေတွက် သတ်မှတ်ခဲ့ ခြင်းဖြစ်ကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment