Pages

Monday, May 8, 2017

စစ်ကိုင်းတိုင်း ဒေသကြီးအတွင်းရှိ လေဘေးသင့် ကျေးရွာများတွင် ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများဆောင်ရွက်


တပ်မတော်သားများက စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ လေဘေးသင့်ကျေးရွာများတွင် သစ်ပင်သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းပေးစဉ်။


နေပြည်တော် ၈-၅-၂၀၁၇

စစ်ကိုင်းတိုင်းဒေသကြီး၊ ကနီမြို့နယ် အတွင်း မေ ၆ ရက် ညပိုင်းတွင် လေပြင်းတိုက်ခတ်မှု ကြောင့် ကနီမြို့နှင့် ကျေးရွာ ၁၇ ရွာရှိ နေအိမ်များ၊ စာသင်ကျောင်းများ၊ ဘုန်းတော်ကြီး ကျောင်းများ၏ အမိုးများလန်ခြင်း၊
ပြိုကျပျက်စီးခြင်း၊ သစ်ပင်သစ်ကိုင်းများ ကျိုးကျခြင်း၊ ဓာတ်မီးတိုင်များ လဲကျခြင်းများ ဖြစ်ပေါ်ခဲ့သည်။

အဆိုပါနေရာ များအား ယနေ့တွင် အနောက်မြောက်တိုင်း စစ်ဌာနချုပ်မှ နယ်မြေခံ တပ်မတော်သားများ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ဒေသခံပြည်သူများ ပူးပေါင်း၍ လဲကျနေသော သစ်ပင်သစ်ကိုင်းများ ခုတ်ထွင် ရှင်းလင်းခြင်း၊ အမိုးသွပ်များ ရှင်းလင်းခြင်းနှင့် လမ်းပိတ်ဆို့နေမှု များအား ရှင်းလင်းဖယ်ရှား ခြင်းများ ဆောင်ရွက်ပေးသည်။

ထို့ပြင် ရွှေဘိုတပ်နယ်မှ တပ်မတော်သား များက မေ ၅ ရက်တွင် လေပြင်းတိုက်ခတ်မှု ကြောင့် ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည့် ရွှေဘိုမြို့နယ်၊ ဂွေးပင်ကုန်းကျေးရွာရှိ အခြေခံပညာ အလယ်တန်းကျောင်းခွဲ၊ ကျေးရွာဓမ္မာရုံ
နှင့် နေအိမ်အား ပြန်လည် ဆောက်လုပ်ပေးခြင်း၊ အမိုးများပြုပြင်ခြင်းနှင့် လဲကျနေသော သစ်ပင်များအား ခုတ်ထွင်ရှင်းလင်း ခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment