Pages

Monday, May 8, 2017

မောင်တောမြို့နယ် အတွင်း ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများဆောင်ရွက်


အနောက်ပိုင်း တိုင်းစစ်ဌာနချုပ် နယ်လှည့်ဆေး ကုသရေးအဖွဲ့က ဒေသခံပြည်သူများအား
 ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများဆောင်ရွက်ပေးစဉ်။

နေပြည်တော် ၈-၅-၂၀၁၇

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်ရှိ ဗန္ဓုလ၊ အောင်ချမ်းသာ၊ အောင်သပြေနှင့် အမ်တုမရ ကျေးရွာတို့မှ ဒေသခံပြည်သူ များအား မေ ၅ ရက်တွင် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် နယ်လှည့်ဆေးကုသ ရေးအဖွဲ့က
ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများဆောင် ရွက်ပေးသည်။

ထိုသို့ဆောင်ရွက် ပေးရာတွင် မျက်စိရောဂါ၊ သွေးတိုးရောဂါ၊ သွေးအားနည်းရောဂါ၊ အစာအိမ်ရောဂါ၊ အရိုးအကြောရောဂါ၊ ခွဲစိတ်ရောဂါနှင့် အထွေထွေရောဂါ ဝေဒနာရှင် ဒေသခံပြည်သူ ၂၈ဝ ဦးတို့ကို လိုအပ်သည့်
ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများဆောင်ရွက် ပေးပြီး ဆေးရုံတက်ရောက် ကုသရန် လိုအပ်သော လူနာများအား စစ်တွေမြို့ရှိ တပ်မတော်ဆေးရုံသို့ တက်ရောက် ကုသနိုင်ရေး စီစဉ်ဆောင်ရွက် ပေးခဲ့ကြောင်း သတင်းရရှိသည်။

ယာဉ်ပေါ်တွင် လိုက်ပါလာသည့် ခြောက်ဦးအနက် ဦးသန်းစိုး (၄၆) နှစ်မှာ အခင်းဖြစ် နေရာ၌ပင် သေဆုံးခဲ့ပြီး ယာဉ်မောင်း ဦးဆန်းတင်တွင် ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။

သေဆုံးသူနှင့် ဒဏ်ရာရရှိသူတို့ကို ကန္ဒရဝတီလူမှု ကူညီရေးအသင်းမှ လူနာတင်ယာဉ်ဖြင့် လွိုင်ကော်ပြည်သူ့ ဆေးရုံသို့ ပို့ဆောင် ပေးခဲ့သည်။

အခင်းဖြစ်နေရာနှင့် ပြည်သူ့ဆေးရုံသို့ ကယားပြည်နယ် ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ ဝင်များက သွားရောက် ကြည့်ရှုပြီး လိုအပ်သည်များ ဆောင်ရွက်ပေး ခဲ့ကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment