Pages

Wednesday, May 3, 2017

ညောင်ဦးမြို့နယ် အတွင်းရှိ တောင်သူများ ထွန်စက်ဖြင့် နှမ်းကြဲမှုများပြား



ညောင်ဦး ၃-၅-၂၀၁၇

မန္တလးတိုင်းဒေကြီး ညောင်ဦးမြို့နယ် အတွင်းရှိ ကျေးလက် တောင်သူများသည် ဧပြီ ၁၈ ရက်မှ၂၃ ရက် ထိရွာသော မိုးကြောင့် မိုးဦးနှမ်းများကို ထွန်စက်ဖြင့် စိုက်ပျိုး လာသူများ ပြားကြောင်း တောင်သူ
များထံမှ သိရသည်။

တောင်သူများသည် နွားနှင့်ကြဲ ရတာအချိန် ကြာမြင့်စွာ ကြဲနေရခြင်း၊ ထွန်ရေးမကောင်းသည့် အတွက်သီးနှံရရှိမှု နည်းပါးခြင်း၊ မြေကြီးထွန်ရေး ညက်မှုနည်းပါခြင်း တို့ကြောင့် ထွန်စက်ဖြင့် မိုးဦးနှမ်း စိုက်ပျိုးသူများပြား လာကြောင်း သိရသည်။

''ကျွန်တော့်ယာခင်းကို နှမ်းနှစ်ပြည်နဲ့ လေးဘူးကြဲပါတယ်။ ရှေ့ကနေ နှမ်းမျိုးစေ့တွေကို ခြေကြောင်းထိုး ပြီးပက်ပါတယ်။ နောက်ကနေ ထွန်စက်က ၁၆ သွားထယ်နဲ့ မောင်းပါတယ်။ ထွန်စက်နဲ့ ထွန်တာဟာ အမှိုက်ပြောင်ပြီး ထွန်ရေးမှာလဲ ကောင်းပါတယ်။ ကြဲတာက မိနစ် ၄ဝ လောက်ပဲ ကြာပါတယ်။ အဲဒီတော့ မြန်မြန် ပြီးတယ်။ ဒါကြောင့် ထွန်စက်နဲ့ နှမ်းပက်ကြဲ သူများပြား လာတာပါ''ဟု ရွာသာအေးကျေးရွာ တောင်သူ ဦးစန်းလွင်က ပြောပြသည်။

တောင်သူများသည် နှမ်းစိုက်ပျိုးရာတွင် မည်သည့်နှမ်း မျိုးကိုစိုက် ရမှန်းမသိဘဲ ရရာနှမ်းမျိုးကိုသာ ဝယ်စိုက်ကြရာ နှမ်းနက်တစ်ပြည် လျှင်ငွေကျပ် ၄ဝဝဝ၊ နှမ်းအဝါမျိုး ဒေသအခေါ် မယ်သီလနှမ်းတစ် ပြည်လျှင်ငွေကျပ် ၃၅ဝဝ၊ ၃ဝဝဝ စသည်ဖြင့် အမျိုးမျိုးဝယ်ယူစိုက် ပျိုးကြကြောင်း တောင်သူများထံမှ သိရသည်။

#Themyawadydaily

No comments:

Post a Comment