Pages

Wednesday, May 3, 2017

မြစ်သာ ရေလှောင်တမံသို့ အပန်းဖြေလေ့လာရေး ခရီးစဉ်အဖြစ် လာရောက်သူများရှိ



ဂန့်ဂေါ ၃-၅-၂၀၁၇

မကွေးတိုင်းဒေသကြီး ဂန့်ဂေါခရိုင် ဂန့်ဂေါမြို့နယ်တွင် အကောင် အထည်ဖော် တည်ဆောက်ထားသည့် မြစ်သာရေလှောင်တမံသို့ ယခုနှစ်နွေဥတု ကာလအတွင်း အပန်းဖြေလေ့လာရေး ခရီးစဉ်တစ်ခု အဖြစ်
လာရောက်သူများ ရှိကြောင်း သိရသည်။

မြစ်သာ ရေလှောင်တမံသည် ချင်းတောင်တန်းမှ အစပြုပြီး ချင်းတောင်တန်းနှင့် ပုံတောင်ပုံညာ တောင်တန်းများကြားရှိ ဂန့်ဂေါမြို့ နယ်ကို ဖြတ်သန်းစီးဆင်းသော မြစ်သာမြစ်ပေါ်တွင် ရေအားလျှပ် စစ်ဓာတ်အား ထုတ်လုပ်ရန်နှင့် စိုက်ပျိုးရေပေးဝေရန် ရည်ရွယ်ချက်များဖြင့် တည်ဆောက်ထားသည့် ရေလှောင်တမံကြီး ဖြစ်သည်။

အဆိုပါ ရေလှောင်တမံကြီးကို ဒေသခံများက တောင်ပေါ်ပင်လယ်ဟု တင်စားခေါ်ဝေါ် လျက်ရှိကြပြီး တောင်ကုန်း၊ တောင်တန်းများ ကြား၌ ရေလှောင်တမံ ရေပြင်ကျယ်ကြီးကို တွေ့မြင်ရသည်မှာ မျက်စိပသာဒ
ဖြစ်ကာ စိတ်ကိုကြည်နူး စေသောကြောင့် အဆိုပါရေလှောင်တမံသို့ အပန်းဖြေ လေ့လာခရီးအဖြစ် လာရောက်သူ များပြားနေခြင်း ဖြစ်သည်။

ဂန့်ဂေါမြို့နယ်သည် လျှိုမြောင် ချောက်ကမ်းပါး ထူထပ်ခြင်း၊ ချောင်းငယ်မြောင်းငယ်များ ပေါများခြင်း၊ သစ်တောများ ကျန်ရှိနေသေးခြင်း၊ သစ်တောများအတွင်း အချို့နေရာ များတွင် ထန်းပင်၊ ပေပင်များ ရောနှော ပေါက်ရောက် လျက်ရှိခြင်း၊ ထူးခြားသော မြေမျက်နှာသွင်ပြင်နှင့် သဘာဝပတ်ဝန်းကျင် အလှများတည်ရှိနေခြင်း၊ ယောဓလေ့ နေအိမ်တည်ဆောက်ပုံ၊ လယ်ခင်း၊ ယာခင်းများအတွင်းမှ လယ်စောင့်တဲတည်ဆောက်ပုံ၊ ရိုးရာလက်ရက်ကန်းများ၊ ကျေးရွာချင်း ဆက်လမ်းများ ဝဲ၊ ယာမှ ခရီးသွားများ နားခိုရန် တည်ဆောက်ထားသည့် ဇရပ်အိုကြီးများ၊ ယောစကားစသည့် ယောဓလေ့ထုံးစံ ယဉ်ကျေးမှုများကို လေ့လာနိုင်ခြင်း၊ ရှေးဟောင်းစေတီပုထိုးများ တည်ရှိနေခြင်း၊ အချို့ဘုန်းတော်ကြီး ကျောင်းများတွင် ထိန်းသိမ်းထားသည့် ရှေးဟောင်းပေစာ၊ ပုရပိုက်စာများကို လေ့လာနိုင်ခြင်းစသည့် အကြောင်းအရာများက ခရီးသွားများကို ဆွဲဆောင်လျက်ရှိကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment