Pages

Tuesday, May 16, 2017

စစ်တွေမြို့နယ် အတွင်းကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်



အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ်မောင်မောင်စိုး နယ်လှည့်ဆေးကုသရေး အဖွဲ့က ဒေသခံပြည်သူများ အားကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးနေ မှုကို ကြည့်ရှုအားပေးစဉ်။

နေပြည်တော် ၁၆-၅-၂၀၁၇

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်၊ အောင်တိုင်ကျေးရွာ၊ ကျက်တောပြင် ကျေးရွာနှင့် ပတ်ဝန်းကျင် ကျေးရွာများရှိ ဒေသခံပြည်သူ များအား ယနေ့တွင် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် နယ်လှည့်ဆေးကုသ ရေးအဖွဲ့ကအောင်တိုင် ကျေးရွာ ဘုန်းတော်ကြီးကျောင်းနှင့် ကျက်တောပြင် ကျေးရွာခန်းမတို့၌ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးသည်။

ထိုသို့ဆောင်ရွက် ပေးရာတွင် သွေးတိုးရောဂါ၊ အစာအိမ်ရောဂါ၊ အရိုး/အကြော ရောဂါ၊ ကလေးရောဂါ၊ သားဖွား/မီးယပ် ရောဂါ၊ အသက်ရှူ လမ်းကြောင်းဆိုင်ရာရောဂါ၊ သွားနှင့်ခံတွင်းရောဂါ၊ ဆီးနှင့် ကျောက်ကပ်ရောဂါ၊ နှလုံးရောဂါနှင့် အထွေထွေရောဂါ ဝေဒနာရှင် ဒေသခံပြည်သူ စုစုပေါင်း ၃၅၄ ဦးတို့ကို လိုအပ်သည့်ဆေးဝါး ကုသမှုများနှင့် ရောဂါရှာဖွေစမ်းသပ် ကုသပေးခြင်းများ ဆောင်ရွက်ပေးပြီး ဆေးရုံတက်ရောက် ကုသရန်လိုအပ်သော လူနာများအား စစ်တွေမြို့ရှိ တပ်မတော်ဆေးရုံသို့ တက်ရောက် ကုသနိုင်ရေး စီစဉ်ဆောင်ရွက် ပေးသည်။

ယင်းသို့ ဆောင်ရွက်ပေးနေ မှုများကို တိုင်းမှူး ဗိုလ်ချုပ်မောင်မောင်စိုး နှင့်အဖွဲ့ဝင်များက သွားရောက်ကြည့်ရှု အားပေးခဲ့ကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment