Pages

Tuesday, May 16, 2017

တစ်ဆင့်မြင့်မြန်မာ့ သိုင်းသင်တန်းဖွင့်လှစ်


ကမ်းရိုးတန်းဒေသ တိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်မှူးချုပ် လင်းအောင် တစ်ဆင့်မြင့်မြန်မာ့သိုင်း သင်တန်းသားများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်စဉ်။

နေပြည်တော် ၁၆-၅-၂၀၁၇

ကမ်းရိုးတန်းဒေသ တိုင်းစစ်ဌာနချုပ်မှ ဖွင့်လှစ်သည့် တစ်ဆင့်မြင့်မြန်မာ့ သိုင်းသင်တန်း အမှတ်စဉ် (၁/၂ဝ၁၇) ဖွင့်ပွဲကို ယနေ့နံနက် ပိုင်းတွင် မြိတ်မြို့ရှိ နယ်မြေခံ တပ်ရင်းခန်းမ၌ ပြုလုပ်ရာ တိုင်းမှူး ဗိုလ်မှူးချုပ် လင်းအောင်နှင့် အရာရှိ၊ စစ်သည်၊ မိသားစုများ၊ သင်တန်း နည်းပြများနှင့် သင်တန်းသားများ တက်ရောက် ကြသည်။

ဦးစွာ တိုင်းမှူးက သင်တန်းဖွင့်အမှာ စကားပြောကြားပြီး သင်တန်းသားများအား ရင်းရင်းနှီးနှီး လိုက်လံ နှုတ်ဆက်သည်။

အဆိုပါသင်တန်းကို သင်တန်းသားများ၏ ကိုယ်ခန္ဓာကျန်းမာ ကြံ့ခိုင်ရေး၊ ကိုယ်ခံပညာများ တတ်မြောက် စေရေးနှင့် တိုင်းချစ်ပြည် ချစ်စိတ်များ နိုးကြားထက်သန်ပြီး စိတ်ဓာတ်ပိုင်း ဆိုင်ရာ ပိုမိုမြင့်မား စေရေးအတွက် ရည်ရွယ်ဖွင့်လှစ်ပေးခဲ့ ခြင်းဖြစ်ပြီး အခြေခံသင်တန်းမှ နည်းပြအဆင့်မီသော သင်တန်းသား ၉၈ ဦး ဖြင့် ဇူလိုင် ၇ ရက်အထိ ဖွင့်လှစ်သင်ကြား ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment