Pages

Thursday, May 25, 2017

ဧရာဝတီလင်းပိုင်ဧရိယာအတွင်းရှိ ကျေးရွာများသို့ ကမ္ဘာလှည့်ခရီးသွား ဧည့်သည်များ မော်တော်ယာဉ်ဖြင့် သွားလာနိုင်ရန် ခရီးသွားလုပ်ငန်းတစ်ခုအဖြစ် ဖော်ဆောင်လျက်ရှိ



မန္တလေး ၂၅-၅-၂၀၁၇

ဧရာဝတီလင်းပိုင်ဧရိယာအတွင်းရှိ ကျေးရွာများသို့ ကမ္ဘာလှည့်ခရီးသွား ဧည့်သည်များ မော်တော်ယာဉ်ဖြင့် သွားလာနိုင်ရန် ခရီးသွားလုပ်ငန်း တစ်ခုအဖြစ် ဖော်ဆောင်လျက်ရှိကြောင်း သရက်ကုန်းငါးလုပ်ငန်း ဦးစီးဌာန လင်းပိုင် ထိန်းသိမ်းရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

ယခင်က ဧရာဝတီမြစ်အတွင်းရှိ လင်းပိုင်များကို နိုင်ငံခြားသားခရီးသွား ဧည့်သည်များ လာရောက်ကြည့်ရှုလျှင် ရေယာဉ်ငှား၍ လာရောက်ကြည့်ရှု ကြကြောင်း၊ ရေယာဉ်များ ငှားရမ်းကြည့် ရှုခြင်းဖြင့် နိုင်ငံခြားသားခရီးသွား ဧည့်သည်များအတွက် ငွေကြေးကုန်ကျမှုများသည့် အပြင်အချိန်ကြန့်ကြာမှု များရှိနိုင်ကြောင်း သိရသည်။

''အခုလိုမျိုးလုပ်ဆောင်နေတာ မကြားဖူးသေးပါဘူး ။ မြန်မာနိုင်ငံကို လာရောက်လည် ပတ်ကြတဲ့ခရီးသွား ဧည့်သည်တွေ အချိန်ကုန် သက်သာစွာနဲ့ ဧရာဝတီမြစ်ထဲက လင်းပိုင်ကိုကြည့်ချင်ရင် အဓိကလင်းပိုင် ကျက်စားတဲ့ ကျေးရွာတွေကို မော်တော်ကားနဲ့ သွားပြီးတော့ အဲ့ဒီကျေးရွာတွေ ရောက်ရင် ရေယာဉ်ငှားပြီး ကြည့်နိုင်အောင် စီစဉ်ဆောင်ရွက်နေပါတယ်''ဟု ၎င်းကပြောပြသည်။

ဧရာဝတီမြစ်ကြောင်း တစ်လျှောက် ကျက်စားနေသည့် လင်းပိုင်များကို နိုင်ငံခြားသားဧည့်သည်များ အချိန်အနည်းငယ်ဖြင့် ကြည့်ရှုနိုင်ရန်အတွက် မန္တလေးအပြည်ပြည်ဆိုင်ရာ လေဆိပ်မှ ကားငှားရမ်းပြီး လင်းပိုင်ကျက်စားသည့် ကျေးရွာများသို့ မော်တော်ကားဖြင့် သွားရောက်နိုင်ကာ ၎င်းကျေးရွာများမှ ရေယာဉ်ငှားရမ်းပြီး သွားရောက်ကြည့်ရှု နိုင်ကြောင်း သိရသည်။

''အခုလို ခရီးသွားလုပ်ငန်း ဖော်ဆောင်ခြင်းဖြင့် ဧရာဝတီမြစ်ကြောင်း တစ်လျှောက်မှာ လုပ်ငန်းလုပ်ကိုင်နေ
ကြတဲ့ ရေလုပ်သားတွေရဲ့ ဝင်ငွေတွေ အဆင်ပြေစေပြီး နိုင်ငံခြားသားတွေအနေနဲ့ ငွေကုန်ကျမှုလဲ သက်သာစေပြီး အချိန်အနည်းငယ်နဲ့ လင်းပိုင်တွေကိုတွေ့ မြင်နိုင်မှာဖြစ်ပါတယ်။ အခုလိုမျိုး ဆောင်ရွက်တဲ့အတွက် အခြားနိုင်ငံခြားသား ခရီးသွားဧည့်သည်တွေ ပို့ဆောင်နေတဲ့ ရေယာဉ်တွေမှာလဲ လာရောက်စီးနင်းတဲ့ သူတွေတော့လျော့ကျ သွားတာမရှိပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ အချို့နိုင်ငံခြားသားတွေက ဧရာဝတီမြစ်ထဲက လင်းပိုင်တွေကိုကြည့်ရှုဖို့အတွက် ရေယာဉ်အပြတ်ငှားပြီးတော့ ကြည့်ရှုတဲ့သူတွေလဲရှိပါတယ်''ဟု ၎င်းကပြောပြ၍ သိရသည်။

#Yadanarpondaily

No comments:

Post a Comment