Pages

Thursday, May 25, 2017

ဝေသာလီခေတ်သုံး ဒင်္ဂါးပြားများအပ်နှံသူကို ရခိုင်ပြည်နယ်အစိုးရအဖွဲ့ က ဆုငွေကျပ်ဆယ်သိန်းကျော်ချီးမြှင့်



မြေပုံ ၂၅-၅-၂၀၁၇

ရခိုင်ပြည်နယ် မြောက်ဦးရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာနသို့ ဝေသာလီခေတ်သုံးဒင်္ဂါး ၅၁ပြား လာရောက်အပ်နှံသူကို ရခိုင်ပြည်နယ် အစိုးရအဖွဲ့က ယနေ့မွန်းလွဲ ၁ နာရီခွဲခန့်က မြေပုံမြို့နယ် အုပ်ချုပ်ရေး မှူးရုံး၌ ဆုကြေးငွေကျပ် ဆယ်သိန်းနှစ်သောင်းကို ချီးမြှင့်ခဲ့ကြောင်း သိရသည်။

''ငွေဒင်္ဂါး ကောက်ရသူက ရွာမှာကျန်ခဲ့တယ်။ သူ့ဆွေမျိုးဖြစ်တဲ့ ဦးမာန်အောင်ကို ပိုက်ဆံပေးအပ်ခဲ့ပါတယ်။ အခုကောက်ရ တဲ့ရွာကိုဆင်းဖို့ စီစဉ်နေတယ်။ သုတေသန အမြင်နဲ့ လိုက်ပြီးကြည့်မှာပါ၊။ ရှေးဟောင်း လူနေခဲ့တဲ့ နေရာ ဖြစ်နိုင်သလား။ ဘုရားစေတီအပျက်တွေ ရှိသလား စသဖြင့်ကောက်ရတဲ့ နေရာရဲ့ အနေအထားကို ကြည့်မှာပါ။ ဒင်္ဂါးတွေက ဝေသာလီခေတ် ကပါ။ စာတွေလဲပါတယ်''ဟု မြောက်ဦး ရှေးဟောင်းသုတေသန နှင့်အမျိုးသားပြတိုက် ဦးစီးဌာနမှ ညွှန်ကြားရေးမှူးဦးညိမ်းလွင်က ပြောပြသည်။

အဆိုပါ ရှေးဟောင်းဒင်္ဂါးပြားများတွင် အေဒီ ၃ရာစုနှင့် အေဒီ ၆ ရာစုကြား ဝေသာလီခေတ် အက္ခရာများ ရေးသားထားပြီး ဝေသာလီဘုရင် နီတိစန္ဒြားမင်း နှင့်အခြားမင်းများ၏ အမည်များကို ရေးထိုးထားသည့် ဝေသာလီ ခေတ်သုံး ငွေတစ်ကျပ်တန် ဒင်္ဂါးတစ်ပြား၊ တစ်မူးဒင်္ဂါး ၁၂ ပြား ၊မတ်စိဒင်္ဂါး ၁၂ ပြားနှင့် ပြားစိဒင်္ဂါး၂၆ ပြား၊ စုစုပေါင်းဒင်္ဂါး ၅၁ ပြားဖြစ်ကြောင်း သိရသည်။

အဆိုပါဒင်္ဂါးပြားများကို ၂ဝ၁၆ခုနှစ် အတွင်းက မြေပုံမြို့နယ်၊ ကန်ထောင့်ကြီး တိုက်နယ်အုပ်စု ငန်းတောင်ကျေးရွာမှ မနုနုနွယ်က ကျေးရွာအနီး တောမြောက်ဥတူးရာမှ ရရှိခဲ့ခြင်းဖြစ်ပြီး ဒင်္ဂါးများကို မပျောက်ပျက်စေရေးအတွက် မြေပုံမြို့မှ အောင်မင်္ဂလာဆရာတော် အပါအဝင် ကူညီပေးသူနှစ်ဦးနှင့်အတူ ယခုနှစ်မတ်လ အတွင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနသို့ သွားရောက်အပ်နှံ ခြင်းဖြစ်ကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment