Pages

Thursday, May 11, 2017

ဟိုပုံးမြို့နယ်၊ ကျောက္ကချားကျေးရွာ၌ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်း များဆောင်ရွက်


            အရှေ့ပိုင်းတိုင်းစစ် ဌာနချုပ် နယ်လှည့်ဆေးကုသရေး အဖွဲ့က ဒေသခံပြည်သူများအား
                        ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်း များဆောင်ရွက်ပေးစဉ်။


နေပြည်တော် ၁၁-၅-၂၀၁၇

ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ဟိုပုံးမြို့နယ်၊ စံဖူးကျေးရွာအုပ်စု၊ ကျောက္ကချားကျေးရွာနှင့် ပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံ ပြည်သူများအား ယနေ့နံနက်ပိုင်းတွင် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် နယ်လှည့်ဆေးကုသရေး
အဖွဲ့က အဆိုပါကျေးရွာရှိ နမ့်ဟုတ်ဘုန်းတော် ကြီးကျောင်း၌ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးသည်။

ထိုသို့ဆောင်ရွက် ပေးရာတွင် သွေးတိုးရောဂါ၊ အသက်ရှူလမ်း ကြောင်းဆိုင်ရာ ရောဂါ၊ ဆီးချို၊ သွေးချိုရောဂါ၊ သွားရောဂါ၊ သားဖွား/ မီးယပ်ရောဂါ၊ ဆီးလမ်းကြောင်း ပိုးဝင်ရောဂါနှင့် အထွေထွေရောဂါဝေဒနာရှင် ဒေသခံပြည်သူ ၁ဝ၈ဝ ဦးတို့ကို လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးပြီး ဆေးရုံတက်ရောက်ကုသရန် လိုအပ်သော လူနာများအား တောင်ကြီးမြို့ရှိ တပ်မတော်ဆေးရုံသို့ တက်ရောက်ကုသနိုင်ရေး စီစဉ်ဆောင်ရွက် ပေးခဲ့ကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment