Pages

Friday, May 26, 2017

ဆည်၊ မြောင်း၊ ချောင်း၊ ကန်များတွင် ရေသိုလှောင် ထိန်းသိမ်းနိုင်မှုနှင့် မျှော်မှန်းသက်တမ်းထိ မတိမ်ကောမခန်းခြောက်လိုပါက အရိပ်ရသစ်ပင်ကြီးများ စိုက်ပျိုးထိန်းသိမ်းရန်လို



နေပြည်တော် ၂၆-၅-၂၀၁၇

အနယ်နယ်အရပ်ရပ်၌ တည်ရှိနေသော ဆည်၊ မြောင်း၊ ချောင်း၊ ကန်များတွင် ရေသိုလှောင်ထိန်း သိမ်းနိုင်စေရန်နှင့် ဆည်၊ မြောင်း၊ ကန်များ မျှော်မှန်းထားသည့် သက်တမ်းထိ မတိမ်ကောမခန်းခြောက်ဘဲ တည်ရှိလိုပါက အဆိုပါဆည်၊ ကန်၏ အနီးတစ်ဝိုက်နှင့် ဘေးပတ်လည်တွင် အရိပ်ရသစ်ပင်ကြီးများ စိုက်ပျိုးထိန်းသိမ်းရန် လိုကြောင်း သစ်တောနှင့်ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဆိုင်ရာကောက်နုတ်ချက်များအရ သိရသည်။

အရိပ်ရသစ်ပင်ကြီးများ ရှိနေခြင်းသည် ရေစီးဆင်းမှုကို ထိန်းသိမ်းစေနိုင်ပြီး မြေအောက်ရေ ဖြည့်ဆည်းမှုကိုလည်း ပေးစွမ်းနိုင်ကြောင်း၊ ရွက်အုပ်ပင်ကြီးများ ရှိနေခြင်းကြောင့် မိုးရေစီးဆင်းမှုကိုလည်း ၁၁ရာခိုင်နှုန်းထိ လျှော့
ချနိုင်ကြောင်း၊ ထိုသို့ရေစီးနှုန်းလျှော့ချနိုင် သောကြောင့် မြေအောက်ရေစိမ့်ဝင်လာမှု တိုးလာစေပြီး ၎င်းအပင်ကြီးများမှတစ်ဆင့် မြေအောက်ရေများ တိုးပွားလာကာဆည်၊ မြောင်း၊ ချောင်း၊ ကန်များ အတွင်းသို့ ရေစိမ့်ဝင်လာပြီး လပေါင်းများစွာ တည်မြဲနိုင်မည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ၎င်းသစ်ပင်ကြီးများ တည်ရှိနေခြင်းဖြင့် ဆည်၊ မြောင်း၊ချောင်း၊ ကန်များတွင် လေဒဏ်၊ မိုးဒဏ်များ၏ ရိုက်ခတ်မှုကြောင့် ကမ်းပါးပြိုမှု၊ ကန်ပေါင်ပျက်စီးမှုများကို လျော့နည်းစေပြီး ဆည်၊မြောင်း၊ ချောင်း၊ ကန်များ၏ ကိုယ်ထည်များ လပေါင်းများစွာ ခံနိုင်ရည်ရှိမည် ဖြစ်ကြောင်း သစ်တောနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဆိုင်ရာကောက်နုတ်ချက် များအရ သိရသည်။

#Yadanarpondaily

No comments:

Post a Comment