Pages

Friday, April 28, 2017

ဆီးရီးယားဒုက္ခသည်များအကြား ကိုယ်အင်္ဂါအစိတ်အပိုင်း ရောင်းချမှု မြင့်မားနေ


ဘာသာပြန်ဆောင်းပါး ၂၈-၄-၂၀၁၇

ဒုက္ခသည်တွေဆိုတာ နာမည်နဲ့လိုက်အောင် ဒုက္ခရောက်ကြ ရတယ်ဆိုတာ ဆီးရီးယားဒုက္ခသည်တွေက သက်သေပြလိုက်ပါပြီ။ နယ်စပ်တွေမှာ ဖွင့်ထားတတ်တဲ့ ဒုက္ခသည်စခန်း တွေဆိုတာကြွက်တွေမှာ စမ်းသပ်အောင်မြင်ပြီးတဲ့ဆေးတွေကို လူတွေမှာ စမ်းသပ်ဖို့ အကောင်းဆုံးနေရာ ဖြစ်နေတတ်လို့ ကိုယ်အင်္ဂါအစိတ်အပိုင်း အရောင်းအဝယ်လဲ အဖြစ်ဆုံးနေရာတွေဖြစ်နေ တာကိုသိလိုက်ရတော့ ကမ္ဘာကတုန်လှုပ် ချောက်ချားသွားခဲ့ပါတယ်။

စဉ်းစားကြည့်ပါ။ ဆီးရီးယားမှာ နေနေရင် အချိန်မရွေး သေသွားနိုင်တဲ့ အန္တရာယ်ကြောင့် ကိုယ်လွတ်ရုန်းပြီး လက်ဘနွန်ကို ဦးတည်ထွက်ပြေးခဲ့ရတဲ့ ဒုက္ခသည်ပေါင်း များစွာထဲမှာ ကျောက်ကပ်လေးတစ်ဖက် ထုတ်ရောင်းလိုက်လို့ မိသားစုစား ဝတ်နေရေးအဆင်ပြေ သွားမယ်ဆိုရင် အခုချက်ချင်း ထုတ်ယူ လိုက်ပါလို့ ဆိုသူတွေအများကြီး ရှိနေပါတယ်။ သူတို့ အတွက် ဒါဟာ အသိမ်မွေ့ဆုံးသော ဒုက္ခပဲ ဖြစ်ပါတယ်။

ကိုယ်အင်္ဂါ အစိတ်အပိုင်း ဝယ်ယူတဲ့ဂိုဏ်း တွေကလဲ ဒုက္ခသည်စခန်း တွေကို သူတို့လူတွေကို ပုံစံအမျိုးမျိုးနဲ့ လွှတ်ထားပါတယ်။ ဒါပေမဲ့ အများစုက လက်ဖက်ရည်ဆိုင်ကို ဗန်းပြဖွင့်ထား တတ်ကြပါတယ်။ ဆိုင်ကို လက်ဖက်ရည်လာသောက်သလိုနဲ့ ကိုယ်အင်္ဂါ အစိတ်အပိုင်း အရောင်း အဝယ်လုပ်ကြတာ အဘူဂျာဖာဆိုတဲ့ လူဆိုရင် သုံးနှစ်အတွင်းမှာ လူဦးရေ ၃ဝထက်မနည်းကို ကိုယ်အင်္ဂါအစိတ်အပိုင်း အရောင်းအဝယ် လုပ်နိုင်ဖို့ ချိတ်ဆက်ပေးခဲ့ပါတယ်။

ကျွန်တော်လုပ်နေတာ ပြစ်မှုမကင်းဘူးဆိုတာ သိပါတယ်။ ဒါပေမဲ့ ကျွန်တော်က တကယ်တော့ ဒုက္ခသည်တွေကို ကူညီနေတာပါ။ ကျွန်တော် မချိတ်ဆက်ပေးရင် သူတို့ရောင်းချင်ပါတယ် ဆိုရင်တောင် ဝယ်မယ့်သူနဲ့ တွေ့နိုင်မှာ မဟုတ်ပါဘူး။ တွေ့ တယ်ထားဦး အသက်အန္တရာယ်ကင်းဝေး အောင်ခွဲစိတ်နိုင်မှာ မဟုတ်ပါဘူး။ ကျွန်တော်လူတွေရဲ့ အသွေးအသားကို အရောင်းအဝယ်လုပ်ပြီး ငွေရှာတယ်ဆိုပေမယ့် ကျွန်တော် သူတို့ကိုကူညီနေတဲ့အပိုင်းလဲ အများကြီးပါ ပါတယ်လို့တောင် အဘူဂျာဖာက ဆိုလိုက်ပါသေးတယ်။ သူဟာ တစ်ချိန်က ဘားဆိုင်တစ်ဆိုင်ရဲ့လုံခြုံရေးဝန်ထမ်းတစ်ဦး ဖြစ်ပြီး စစ်ကြီးဖြစ်လာတော့ ကြုံရာလုပ်ကိုင် စားသောက်နေရာကနေ ကိုယ်အင်္ဂါအစိတ်အပိုင်း ရောင်းဝယ်ရေးဂိုဏ်းနဲ့ ချိတ်ဆက်မိ သွားတာဖြစ်ပါတယ်။

ကျောက်ကပ်ဝယ် ကြတာများပါတယ်။ မျက်လုံးတစ်လုံး ရောင်းဖူးပါတယ်။ မျက်လုံးရရင် အဝယ်ရှိတယ်လို့ သိရတော့ မျက်လုံး ဘယ်သူရောင်း မလဲလို့မေးကြည့် လိုက်ပါတယ်။ သိပ်မကြာပါဘူး အိမ်ထောင်ရှင် အမျိုးသားတစ်ယောက် ရှေ့တိုးလာပါတယ်။ မျက်လုံးတစ်ဖက်ရောင်းမယ် လို့ပြောပါတယ်။ သူ့မျက်လုံးကို Whatsapp နဲ့ ဓာတ်ပုံရိုက်ပို့ လိုက်ပါတယ်။ ဝယ်လက်က ယူမယ်ပြောပါတယ်။ သူ့ကို လာကြိုတဲ့ကား တစ်စီးပေါ် တင်ပေးလိုက်ပါတယ်။ ကျွန်တော်ကတော့ အကျိုးတော်ဆောင် ခရပါတယ်လို့ အဘူဂျာဖာက ပြောပြပါတယ်။

ဆီးရီးယားကလူတွေနဲ့ လက်ဘနွန်ကလူတွေ နှစ်ဖက်စလုံးလာစုနေတဲ့ နယ်စပ်မျဉ်းကြောင်း သေးသေးလေးပေါ်မှာ အဘူဂျာဖာအတွက် ကိုယ်အဂါင်္ အစိတ်အပိုင်း ဈေးကွက်အကြီး ကြီး ရှိနေပါတယ်။ လက်ဘနွန် ဥပဒေ အရဆီးရီးယားတွေက အဲဒီမှာအလုပ်လုပ်လို့မရပါဘူး။ အဘူဂျာဖာဟာ သူတို့ရဲ့ မျှော်လင့်ချက်ကြီး ဖြစ်လာပါတော့တယ်။

ဒုက္ခသည်တွေ အကြောင်းရှင်း ပြရမယ်ဆိုရင် ဆီးရီးယားမှာ ဒုက္ခသည်အဖြစ် မှတ်ပုံတင်ပြီးသား လူတွေက ကမ္ဘာ့ကုလသမဂ္ဂရဲ့ ဒုက္ခသည်အဖြစ် နောက်ထပ်တစ်ခါ မှတ်ပုံတင် လို့မရတော့ပါဘူး။ လက်ဘနွန်ကိုရောက်တဲ့အခါ ကုလဒုက္ခသည် တွေကပဲ အလုပ်လုပ်လို့ရပါတယ်။ ဆီးရီးယားဒုက္ခသည် တွေအဖို့ အသက်မသေရုံကလွဲရင် အသက်သေတာကမှ ပိုကောင်းဦးမယ် လို့ပြောလို့ရတဲ့ဒုက္ခတွေက တန်းစီစောင့်ဆိုင်းလို့ နေပါတော့မယ်။

ကိုယ်အိပ်နေကျ ခေါင်းအုံး၊ စောင်နဲ့ တစ်ညတာ ဝေးကွာရင်တောင် အိပ်လို့မပျော်နိုင်တဲ့ လူတွေရဲ့သဘာဝ မိသားစုတကွဲတပြားစီဖြစ် ကိုယ်ချစ်တာ တွေအားလုံးကိုထားခဲ့ပြီး ရှေ့လျှောက်ဘာဖြစ်မယ်မသိ စကြဝဠာနဲ့
ကိုယ့်အကြားမှာ ရွက်ဖျင်တဲလေး တစ်ချပ်ပဲခြား တဲ့ဘဝမျိုး။ ငွေကောင်းကောင်း ရမယ်ဆိုရင် ကိုယ်အင်္ဂါအစိတ်အပိုင်းကို အလုအယက်ရောင်းနေ ကြတာ တော်သေးတာပေါ့လို့တောင် ပြောရမလြိုဖစ်နေပါတယ်။ ကျောက်ကပ်တစ်ဖက်ကို အမေရိကန်ဒေါ်လာ ၈ဝဝဝ ရပါတယ်။

ဒီကျောက်ကပ်တွေနဲ့ အခြားသော ကိုယ်အင်္ဂါအစိတ်အပိုင်း တွေကို ဝယ်ယူနေကြတဲ့ မှောင်ခိုဈေးကွက်ဟာ အရှေ့အလယ်ပိုင်းမှာ ဖြစ်နိုင်တယ်လို့ စုံစမ်းစစ်ဆေးသူများ ကမှတ်ချက်ချပါတယ်။ အရှေ့အလယ်ပိုင်းနိုင်ငံတွေမှာ ယဉ်ကျေးမှု ထုံးတမ်းစဉ်လာအရ ကိုယ်အင်္ဂါအစိတ်အပိုင်း လှူဒါန်းခြင်းကို တားမြစ်တဲ့အတွက် အဲဒီမှာ လိုအပ်ချက်မြင့်မားမှာပါ။

ဒုက္ခသည်စခန်းတွေမှာ အလုပ်လုပ်နိုင်တဲ့ဒုက္ခသည်နဲ့ အလုပ်လုပ်ခွင့် မရှိတဲ့ဒုက္ခသည်နဲ့ကွာခြားပုံ၊ ဆေးအမျိုးအစား သစ်တွေကို အဲဒီဒုက္ခသည် တွေကို လာစမ်းသပ်ပုံ၊ အကြိမ်အတော်များများမှာ ဒုက္ခသည်တွေဟာ
သူတို့ကိုကာကွယ် ဆေးထိုးပေးတယ်ထင်ပြီး ကျေးဇူးတောင် တင်နေကြပါ သေးတယ်။ သူတို့ရဲ့ဘဝဆိုး ကနေလွတ်မြောက်ဖို့ ကိုယ့်ကျောက်ကပ်ကို ရောင်းချနေကြတာ ဒုက္ခသည်စခန်းက တာဝန်ရှိသူများ မသိလေရော့သလား။ ဒါမှမဟုတ် တစ်ခုခုကြောင့်ပဲ မသိချင်ယောင် ဆောင်ထားတာလား မသိပါကြောင်း လေ့လာရေးသား တင်ပြလိုက် ရပါတယ်။

မြ၀တီနေ့စဉ်သတင်းစာ စာ(၃၁)

#Themyawadydaily

No comments:

Post a Comment