Pages

Monday, April 3, 2017

အကြောင်းအမျိုးမျိုးကြောင့် ပြည်ပနိုင်ငံများရောက် မြန်မာရေလုပ်သား တစ်ထောင့်နှစ်ရာကျော် ကို မြန်မာနိုင်ငံသို့ ပြန်လည်ခေါ်ယူနိုင်ခဲ့


ရန်ကုန် ၊ ၃-၄-၂၀၁၇

၂ဝ၁၁ ခုနှစ်မှ ယခုနှစ်ထိ အကြောင်း အမျိုးမျိုးကြောင့် ပြည်ပ နိုင်ငံများသို့ ရောက်ရှိနေသည့် မြန်မာရေလုပ်သား တစ်ထောင့် နှစ်ရာကျော်ကို မြန်မာနိုင်ငံသို့ ပြန်လည်ခေါ်ယူ နိုင်ခဲ့ကြောင်း အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာန သတင်းများ အရ သိရသည်။

မြန်မာ့ ပင်လယ်ပြင် ဒေသများတွင် ငါးပုစွန်များကို ရှာဖွေဖမ်းဆီး နေကြသည့် မြန်မာ့ပင်လယ် ရေလုပ်သားများ အနေဖြင့် မိုးသက်မုန်တိုင်း အခြေအနေ များကြောင့် ငါးဖမ်းစက်လှေ များနှင့် ပင်လယ်ပြင်သို့ မျောပါသွားခဲ့ကြပြီး အိမ်နီးချင်းနိုင်ငံ များသို့ ရောက်ရှိသွား ခဲ့ကြသည်။ ထို့ပြင် အချို့သော ပင်လယ်ရေ လုပ်သားများသည် ထိုင်း၊ မလေးရှား စသည့် အာဆီယံဒေသ တွင်း နိုင်ငံများ၏ ရေလုပ်ငန်း များတွင် သွားရောက် လုပ်ကိုင် ဆောင်ရွက်ရာမှ လူကုန်ကူးမှု ကဲ့သို့သော ဖြစ်စဉ်ဖြစ်ရပ် များနှင့် ကြုံတွေ့ခဲ့ကြ ရသည်။

မိုးသက်မုန်တိုင်းနှင့် မျောပါ သွားခဲ့ကြသည့် ရေလုပ်သား အများစု မှာ အိန္ဒိယနိုင်ငံသို့ ရောက်ရှိသွားခဲ့ ကြသည်။ မြန်မာနိုင်ငံ အနေဖြင့် ပြည်ပနိုင်ငံ များတွင် ဆင်းရဲဒုက္ခ ကြုံတွေ့နေခဲ့ ကြရသည့် မြန်မာ ပင်လယ် ရေလုပ်သား များကို မြန်မာနိုင်ငံသို့ ပြန်လည်ခေါ်ယူ နိုင်ရေးအတွက် ကြိုးပမ်း ဆောင်ရွက်ခဲ့ရာ ၂ဝ၁၁ ခုနှစ်မှ ယခုနှစ်ထိ အကြောင်း အမျိုးမျိုးကြောင့် ပြည်ပနိုင်ငံများသို့ ရောက်ရှိနေသည့် မြန်မာ ရေလုပ်သား ၁၂၆၉ ဦးကို မြန်မာနိုင်ငံ သို့ ပြန်လည်ခေါ်ယူ နိုင်ခဲ့ကြောင်း သိရသည်။

ယခုနှစ် မတ် ၂၉ ရက်ကလည်း အိန္ဒိယနိုင်ငံ ပို့ဘလဲမြို့ အကျဉ်းထောင်တွင် ပြစ်ဒဏ်ကျခံ နေရသည့် မြန်မာနိုင်ငံသား မှန်ကန်ကြောင်း အတည်ပြုချက် ရရှိပြီးသူ မြန်မာရေလုပ်သား ၈၈ ဦးကို ပြန်လည်ခေါ်ယူ ခဲ့ကြောင်း သိရသည်။

ရတနာပုံနေ့စဉ်သတင်းစာ ၊ စာ(၂၂)

No comments:

Post a Comment