Pages

Monday, April 3, 2017

ငလျင်ဒဏ်ကြောင့် ပျက်စီးသည့်ပုဂံစေတီများတွင် ပြန်လည်ပြုပြင်ရန် စေတီအဆူ ၁၂၀ ကျော် ကျန်ရှိနေ



နေပြည်တော် ၊ ၃-၄-၂၀၁၇

ပုဂံရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ်ဒေသရှိ ငလျင်ဒဏ်ခံ ရှေးဟောင်း အဆောက်အအုံများ ပျက်စီးစာရင်း ကောက်ယူ မှတ်တမ်းတင်ခြင်း နှင့် အရေးပေါ် ထိန်းသိမ်းရေး လုပ်ငန်းများ ဆောင်ရွက်မှု အခြေအနေများကို သာသနာရေး နှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန၊ ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာနက ယခုနှစ် မတ် ၃၁ ရက်က ထုတ်ပြန်ကြေညာ ခဲ့သည်။

ပုဂံရှေးဟောင်း ယဉ်ကျေးမှု နယ်မြေအတွင်း ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့ ရသည့် ရှေးဟောင်းစေတီ ၃၈၉ ဆူတွင် စေတီအဆူ ၁၂ဝ ကျော် ပြန်လည် ပြုပြင်ထိန်းသိမ်း မှုလုပ်ငန်းများ ဆောင်ရွက်ရန် ကျန်ရှိနေကြောင်း အဆိုပါ ထုတ်ပြန် သတင်းအရ သိရသည်။

အဆိုပါ ထိခိုက်ပျက်စီး ခဲ့ရသည့် ရှေးဟောင်းစေတီ ဘုရားများကို ပထမဦးစားပေး၊ ဒုတိယဦးစားပေး နှင့် တတိယဦးစားပေး ဟူ၍ အဆင့်သုံးဆင့် ခွဲခြားသတ်မှတ်၍ ပြန်လည်ပြင်ဆင် ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ပြန်လည်ပြင်ဆင် ဆောင်ရွက်မှုများ အရ ယခုအခါ ထိခိုက်ပျက်စီးမှု ဖြစ်ပွားခဲ့သည့် စေတီ ၃၈၉ ဆူတွင် စေတီဘုရား ၁၂၃ ဆူ ပြန်လည်ပြုပြင်မှု လုပ်ငန်းများ ဆောင်ရွက်ရန် ကျန်ရှိနေကြောင်း သိရသည်။

ရတနာပုံနေ့စဉ်သတင်းစာ ၊ စာ(၂၂)

No comments:

Post a Comment