Pages

Monday, March 6, 2017

မြို့ပြအမွေအနှစ်ထိန်းသိမ်း စောင့်ရှောက်ရေး အခြေခံသင်တန်းများ ဖွင့်လှစ်မည်



ရန်ကုန် ၊ ၆-၃-၂၀၁၇

သြစတြေးလျနိုင်ငံ နှင့် ရန်ကုန်မြို့ပြ အမွေအနှစ် ထိန်းသိမ်း စောင့်ရှောက်ရေး အဖွဲ့ YHT တို့ ပူးပေါင်း၍ အမွေအနှစ် ထိန်းသိမ်း စောင့်ရှောက်ရေး အခြေခံ သင်တန်းကို မတ်လနှင့် ဧပြီလတို့တွင် ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း ရန်ကုန်မြို့ပြ အမွေအနှစ် ထိန်းသိမ်း စောင့်ရှောက်ရေး အဖွဲ့မှ သိရသည်။

ယင်းသင်တန်းတွင် ရေစိမ့်မဝင် စေရန် တားဆီးခြင်း ဆိုင်ရာ အခြေခံ ကျွမ်းကျင်မှု သင်တန်း၊ အမိုးမိုးခြင်း ဆိုင်ရာ အခြေခံ ကျွမ်းကျင်မှု သင်တန်း၊ သစ်သား တွဲဆက်ခြင်း လုပ်ငန်းဆိုင်ရာ သင်တန်းနှင့် သံသတ္တု အပြောက်အမွမ်းများ ဆိုင်ရာ သင်တန်းတို့ကို ဖွင့်လှစ်သွားမည် ဖြစ်သည်။

ရေစိမ့်မဝင် စေရန် တားဆီးခြင်း ဆိုင်ရာ အခြေခံကျွမ်းကျင်မှု သင်တန်းကို မတ် ၇ ရက်မှ ၁ဝ ရက်၊ အမိုးမိုးခြင်း ဆိုင်ရာ အခြေခံ ကျွမ်းကျင်မှု သင်တန်းကို မတ် ၂၁ ရက်မှ ၂၄ ရက်၊ သစ်သား တွဲဆက်ခြင်း လုပ်ငန်းဆိုင်ရာ သင်တန်းကို ဧပြီ ၄ ရက်မှ ၇ ရက်နှင့် သံသတ္တု အပြောက် အမွမ်းများ ဆိုင်ရာ သင်တန်းကို ဧပြီ ၂၅ ရက် မှ ၂၈ ရက်အထိ နံနက် ၉ နာရီမှ ညနေ ၅ နာရီအထိ စာတွေ့လက်တွေ့ သင်ကြားပို့ချ ပေးသွား မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ သင်တန်းများတွင် ပြည်ပနိုင်ငံ များမှ ပညာရှင်များ ကိုယ်တိုင် သင်ကြားပေးမည် ဖြစ်ကာ တက်ရောက်လိုသူ များအနေဖြင့် ဖုန်း-ဝ၁-၂၄ဝ၅၄၄ သို့ မေးမြန်းနိုင်ပြီး info@ yangonheritagetrust.org သို့ စာရင်း ပေးသွင်းကာ တက်ရောက်နိုင်ကြောင်း သိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၆)

No comments:

Post a Comment