Pages

Monday, March 6, 2017

ရန်ကုန်မြို့ပြ အမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေး သင်္ကေတ အပြာရောင်ကမ္ပည်း ၁၅ ခု ထပ်မံတပ်ဆင်သွားမည်


ရန်ကုန် ၊ ၆-၃-၂၀၁၇

၂ဝ၁၇ ခုနှစ်အတွင်း ရန်ကုန်မြို့ပြ အမွေအနှစ် ထိန်းသိမ်း စောင့်ရှောက်ရေး သင်္ကေတ အပြာရောင် ကမ္ပည်း ၁၅ ခု ထပ်မံ တပ်ဆင်သွားရန် လျာထားကြောင်း ရန်ကုန်မြို့ပြ အမွေအနှစ် ထိန်းသိမ်း စောင့်ရှောက်ရေး အဖွဲ့ ဒါရိုက်တာ ဒေါ်မိုးမိုးလွင် ထံမှ သိရသည်။

အဆိုပါ အပြာရောင် ကမ္ပည်း ၁၅ ခုကို ၂ဝ၁၇ ခုနှစ်အတွင်း တပ်ဆင်နိုင်ရန် အကောင်အထည်ဖော် သွားမည် ဖြစ်သည်။ ယင်း အစီအစဉ်ကို ရန်ကုန်မြို့ပြ အမွေအနှစ် ထိန်းသိမ်း စောင့်ရှောက်ရေး အဖွဲ့နှင့် ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီတို့ ညှိနှိုင်းပေါင်းစပ် ပြီးမှသာ စီစဉ် လုပ်ဆောင် သွားမည် ဖြစ်သည်။

ယခုကဲ့သို့ တပ်ဆင်ရာတွင် သမိုင်းကြောင်း အထောက်အထား နှင့်ပတ်သက် သည့် အချက်အလက် များကို ကြိုတင်ရှာဖွေ စုဆောင်းရပြီး တပ်ဆင်ပေးမည့် အပြာရောင် ကမ္ပည်းများကို နှစ်ကာလ ကြာမြင့်စွာ ခံနိုင်မှု ရှိစေရန် သြစတြေးလျ နိုင်ငံမှ မှာယူ တပ်ဆင်ခြင်း ဖြစ်သည်။

ယင်းအပြာရောင် ကမ္ပည်းများတွင် မြန်မာ၊ အင်္ဂလိပ်ဘာသာ နှစ်မျိုးဖြင့် ရေးသားဖော်ပြ တပ်ဆင် ထားခြင်းကြောင့် အဆိုပါ အပြာရောင် ကမ္ပည်း တပ်ဆင်ထားသည့် အဆောက်အအုံ၏ နှစ်ကာလ သက်တမ်း သမိုင်းကြောင်း များကို ပြည်တွင်းရှိ မြန်မာ နိုင်ငံသားများ သာမက နိုင်ငံခြား ခရီးသွား ဧည့်သည်များ ပါ မြန်မာ့ သမိုင်းကြောင်း ကို လေ့လာသိရှိ နိုင်မည် ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် ရန်ကုန်မြို့၏ အထင်ကရ နေရာများ၌ အပြာရောင် ကမ္ပည်း ၁၇ ခုမြောက် တပ်ဆင်ထားပြီး ဆက်လက်၍ ၁၈ ခုမြောက်ကို မကြာမီ တပ်ဆင်သွားမည် ဖြစ်ကာ ၁၈ ခုမြောက် အဖြစ် အပြာရောင် ကမ္ပည်း တပ်ဆင်မည့် နေရာကို အတိအကျ မသတ်မှတ် ရသေးသော်လည်း လတ်တလော တွင် ရန်ကုန်ပြည်သူ့ ဆေးရုံကြီး၏ သမိုင်းကြောင်း များနှင့် ပတ်သက်၍ လေ့လာ ပြင်ဆင်လျက် ရှိကြောင်း သိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၃)

No comments:

Post a Comment