Pages

Wednesday, March 29, 2017

မြန်မာနိုင်ငံမီးရထားစက်ရုံများမှ နှစ်စဉ် လူစီးတွဲသစ် ၆၀ နှင့် ကုန်တွဲသစ်များ တည်ဆောက်နိုင်ခဲ့



နေပြည်တော် ၂၉-၃-၂၀၁၇

မြန်မာနိုင်ငံ မီးရထားစက်ရုံများ မှနှစ်စဉ် လူစီးတွဲသစ် ၆ဝ တွဲနှင့် ကုန်တွဲသစ် ၁၂ဝ တွဲတည်ဆောက် နိုင်ခဲ့ပြီး နှစ်စဉ်လူစီး တွဲ ၃ဝဝ နှင့် ကုန်တွဲ ၁၂ဝဝ ကို ပြုပြင် ဆောင်ရွက်ပေး နိုင်ကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန မြန်မာ့မီးရထား ၏သတင်းများအရ သိရသည်။

မြန်မာနိုင်ငံတွင် ရထားစတင် ပြေးဆွဲသည့် ၁၈၇၇ ခုနှစ်မှ ၁၉၁၁ ခုနှစ်ထိ လူစီးတွဲနှင့် ကုန်တွဲများ ပြုပြင်ခြင်း လုပ်ငန်းများကို စက်ခေါင်း စက်ရုံ (အင်းစိန်) ၌လုပ်ကိုင် ဆောင်ရွက်ခဲ့သည်။ ရထားလုပ်ငန်း များတိုးချဲ့ များပြားလာသည် နှင့်အမျှ ရထားတွဲများ ပြုပြင်ရန် သီးခြား စက်ရုံတစ်ရုံ လိုအပ်လာခဲ့သည်။

ထို့ကြောင့် မြန်မာ့မီးရထား အနေဖြင့် ၁၉ဝ၅ ခုနှစ်က လူစီးတွဲနှင့် ကုန်တွဲစက်ရုံကို မန္တလေးမြို့ အနီးရှိ မြစ်ငယ်တွင် တည်ဆောက်ခဲ့ပြီး ၁၉၁၂ ခုနှစ်က စက်ခေါင်း စက်ရုံ(အင်းစိန်)မှ စက်ပစ္စည်းများ  ကိုမြစ်ငယ်သို့ ပြောင်းရွှေ့ တပ်ဆင်ကာ တွဲပြုပြင်မှု လုပ်ငန်းများ စတင်ဆောင် ရွက်ခဲ့သည်။ 

 ထို့နောက် လူစီးတွဲကုန်တွဲ အရေအတွက် ထပ်မံတိုးတက် များပြား လာသောကြောင့် နောက်ထပ် စက်ရုံတစ်ရုံ လိုအပ်လာ၍ ၁၉၆၉ ခုနှစ်က တိုးချဲ့စက်ရုံကို တည်ဆောက် ခဲ့သည်။ ယခုအခါ အဆိုပါ မြန်မာ့မီးရထား စက်ရုံများမှ နှစ်စဉ် လူစီးတွဲ သစ် ၆ဝ တွဲနှင့် ကုန်တွဲသစ် ၁၂ဝ တွဲ တည်ဆောက် နိုင်ခဲ့ပြီး နှစ်စဉ်လူစီး တွဲ ၃ဝဝ နှင့် ကုန်တွဲ ၁၂ဝဝ ကို ပြုပြင် ဆောင်ရွက်ပေး နိုင်ကြောင်း သိရသည်။ 

အဆိုပါ တွဲပြင် စက်ရုံကို မြန်မာနိုင်ငံနှင့် ရထားလမ်းများ ၏တည်ရှိမှု အနေအထားအရ ဗဟိုကျခြင်း၊ တွဲများ ဆေးသုတ်ရန် အတွက် အထူးသင့်လျော်သည့် ခြောက်သွေ့သော ရာသီဥတု ရှိခြင်း၊တွဲများ ပြုပြင်ဆောက် လုပ်ရာတွင် အများအပြား အသုံးပြုသော သစ်များလွယ်လင့် တကူရရှိ နိုင်ခြင်း၊ ရေကောင်း ရေသန့် အလုံအလောက် ရရှိနိုင်ခြင်း စသည့်အခြေ အနေများ အပေါ်မူတည် ကာတည် နေရာရွေးချယ် တည်ဆောက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment