Pages

Monday, February 6, 2017

မြန်မာနိုင်ငံရှိ အရောင်းဆိုင်ပေါင်း ၇၀၀၀ ကျော်၌ KBZ Visa Credit Card သုံးစွဲနိုင်



ရန်ကုန် ၊ ၆-၂-၂၀၁၇

မြန်မာနိုင်ငံရှိ အရောင်းဆိုင်ပေါင်း ၇ဝဝဝ ကျော၌် ကမ္ဘောဇမှ အသစ်ထုတ်လုပ် လိုက်သည့် KBZ Visa Credit Card ကို သုံးစွဲနိုင်ပြီ ဖြစ်ကြောင်း ကမ္ဘောဇဘဏ်၏ ကတ်ဌာန အထွေထွေ မန်နေဂျာ ဒေါ်ဆွေဇင်ဝင်း ထံမှ သိရသည်။

အဆိုပါ အကြွေးဝယ်ကတ်ကို Classic Card နှင့် Platinum Card ဟူ၍ နှစ်မျိုး ထုတ်လုပ်ထားပြီး ကတ်နှစ်မျိုးစလုံးကို Visa ၏ဆန်းသစ်သော Pay Wave နည်းပညာဖြင့် ချိတ်ဆက်လုပ်ဆောင် သွားမည် ဖြစ်ကြောင်း သိရသည်။

" KBZ Visa Credit Card ကိုင်ဆောင် အသုံးပြုသူတွေ အနေနဲ့ စားသောက်ဆိုင် တွေနဲ့ ကုန်ပစ္စည်း အရောင်းဆိုင်တွေ ကပေးတဲ့ အထူးလျှော့ဈေး အခွင့်အရေး တွေကိုလည်း ခံစားနိုင်မှာ ဖြစ်သလို နိုင်ငံတကာ လေဆိပ်တွေရဲ့ စားသောက်ဆိုင် တွေမှာ ၅ဝ ရာခိုင်နှုန်း အထူးလျှော့ဈေး ရမှာဖြစ်ပြီး မြန်မာနိုင်ငံက လေဆိပ်တွေ မှာလည်း ၁ဝ ရာခိုင်နှုန်း လျှော့ဈေးရရှိမှာ ဖြစ်ပါတယ်။ နိုင်ငံခြားခရီးသွား ဧည့်သည်တွေအတွက် ခရီးသွားအာမခံ ရရှိနိုင်မှာ ဖြစ်ပါတယ်'' ဟု ဒေါ်ဆွေဇင်ဝင်း က ပြောသည်။

KBZ Visa Credit Card ကိုင်ဆောင် အသုံးပြုသူ တစ်ဦးသည် အနည်းဆုံးငွေကျပ် သုံးသိန်းမှ သိန်း ၅ဝ အထိ အသုံးပြု နိုင်မည်ဖြစ်ပြီး သုံးစွဲနိုင်မည့် အချိန်ကာလမှာ ရက်ပေါင်း ၄၅ ရက်ဖြစ်သည်။ သတ်မှတ်ထား သည့် ၄၅ ရက်အတွင်း မိမိအသုံးပြု ထားသည့် ငွေပမာဏကို ပြန်လည်ပေးဆပ် ပါက အတိုး ပေးချေရမည် မဟုတ်ဘဲ ထိုကာလ ကျော်လွန်သွားပါက ဗဟိုဘဏ်က သတ်မှတ်ထားသည့် အတိုးနှုန်း ၁၃ ရာခိုင်နှုန်း ပေးချေရမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ KBZ Visa Credit Card ကိုင်ဆောင် အသုံးပြုသူသည် နိုင်ငံပေါင်း ၂ဝဝ ရှိ Visa ကတ်ကို အသုံးပြု၍ ငွေပေးချေ နိုင်သည့် နေရာပေါင်း သန်း ၄ဝ နှင့် မြန်မာနိုင်ငံရှိ Visa ကတ်အသုံးပြု၍ ငွေပေးချေနိုင် သည့်နေရာပေါင်း ၇ဝဝဝ ကျော်တို့၌ အသုံးပြုနိုင်မည် ဖြစ်သည်။

အဆိုပါကတ်ဖြင့် ငွေသားထုတ်ယူခြင်း၊ စားသောက်ဆိုင် များ၌ ဝယ်ယူစားသုံးခြင်း နှင့် ကုန်ပစ္စည်း ဝယ်ယူခြင်းတို့ ပြုလုပ်နိုင် သကဲ့သို့ နိုင်ငံတကာနှင့် မြန်မာနိုင်ငံတို့ရှိ ATM စက်များ၌လည်း ငွေသားထုတ်ယူ သုံးစွဲနိုင်ကြောင်း သိရသည်။ အဆိုပါကတ်တွင် Visa Pay Wave နည်းပညာအသုံးပြု ထားသဖြင့် ကမ္ဘာ လုံးဆိုင်ရာ အဆင့်မြင့် ငွေပေးချေမှု၊ အွန်လိုင်းမှ ဈေးဝယ်ခြင်းများနှင့် များစွာသောဝ န်ဆောင်မှုများကို ရယူနိုင်ပြီ ဖြစ်သည့်အပြင် Platinum Card  အသုံးပြုသူများ အနေဖြင့် နိုင်ငံတကာမှ အရေးပေါ် အကူအညီများ ကိုလည်း ရယူနိုင်မည် ဖြစ်ကြောင်း သိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၆)

No comments:

Post a Comment