Pages

Saturday, February 25, 2017

မြန်မာ-ထိုင်းနှစ်နိုင်ငံ နယ်စပ် ခရီးသွား လုပ်ငန်းမြှင့်တင်မှု Jetski (Water Scooter) စီးနင်းသရုပ်ပြ




ကော့သောင်း (၂၅-၂-၂၀၁၇)

နယ်မြေခံ ခရီးသွားလုပ်ငန်း ကုမ္ပဏီတစ်ခု ဖြစ်သည့် Grand Andaman Travel & Tour Co.Ltd ၏  Tourism Promotion အစီအစဉ်ဖြင့် မြန်မာ(ကော့သောင်း)- ထိုင်း(ရနောင်း) နှစ်နိုင်ငံ နယ်စပ်ခရီးသွား လုပ်ငန်းမြှင့်တင်မှု Jetski (Water Scooter) စီးနင်း သရုပ်ပြ မှုဖွင့်ပွဲကို ယနေ့ နံနက် ၈ နာရီတွင် ကော့သောင်းမြို့ မြို့မဗောတံတား ရှေ့၌ ကျင်းပသည်။

ရှေးဦးစွာ ကော့သောင်းခရိုင် အုပ်ချုပ် ရေးမှူး ဦးကျော်သက်က ဖဲကြိုးဖြတ်ဖွင့်လှစ် ပေးပြီး နှစ်နိုင်ငံ အုပ်ချုပ်ရေး မှူးများနှင့် ထိုင်းနိုင်ငံ YAMAHA ကုမ္ပဏီ Jetski (Water Scooter) အသင်းအဖွဲ့ဝင်များက မြို့မဗော တံတားအရှေ့ ပါချန် ပင်လယ်ပြင်အတွင်း စတင်စီးနင်း သရုပ်ပြသကြသည်။

အဆိုပါ သရုပ်ပြ စီးနင်းမှု အစီအစဉ်ကို ထိုင်းနိုင်ငံYAMAHA ကုမ္ပဏီ၏ (Water Scooter)  ၂၂ စီး၊ စီးနင်း သရုပ်ပြသသူ ၄ဝ ဦးဖြင့် မြန်မာနိုင်ငံ ကော့သောင်းခရိုင် အက်ဒမန် ပင်လယ်ပြင် အတွင်းရှိ သာယာလှပသည့် ကျွန်းပတ်ဝန်းကျင် များအထိ တစ်နေ့တာ စီးနင်းသရုပ်ပြသ ကြမည်ဖြစ်ပြီး အဆိုပါ အစီအစဉ်အား အာဆီယံ မိသားစုဝင် နိုင်ငံအချင်းချင်း ချစ်ကြည်ရင်းနှီး မှုပိုမိုခိုင်မြဲရေး၊ နှစ်နိုင်ငံ နယ်စပ်ခရိုင်များမှ ပြည်သူများ အချင်းချင်း အပြန်အလှန် ခရီးသွားလာမှု လုပ်ငန်း၊ နယ်စပ် ကုန်သွယ်မှု လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက် လာစေရေး ရည်ရွယ်ချက်ဖြင့် ကျင်းပခြင်း ဖြစ်ကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment